တာချီလိတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

တာချီလိတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
မေ 9, 2014
By Tachileik News Agency

လာမည့် ၂၀၁၄ခုနှစ် မေလ(၁၃)ရက် ကဆုန်လပြည့်နေ့တွင် တာချီလိတ်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီး၏ "ပဉ္စမအကြိမ်မြောက်" ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲကို နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

( ရွှေတိဂုံစေတီ၌ ပြုလုပ်မည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲဖိတ်စာ )

တာချီလိတ်ရွှေတိဂုံစေတီ ကုန်းတော်ပေါ်တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲအဖြစ် ပြုလုပ် ကျင်းပလာခဲ့သည်မှာ ယခု ပြုလုပ်ကျင်းပမည့် အကြိမ်အပါအ၀င် (၅)ကြိမ်မြောက် ဖြစ်ရာ အဆိုပါ နေ့တွင် နံနက်(၆)နာရီအချိန်တွင် ဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဓမ္မာရုံ၌ ဆွမ်းကပ်လှူခြင်း၊ တရားတော်နာယူခြင်းနှင့် နံနက် (၉)နာရီအချိန်တွင် ညောင်ရေသွန်းလောင်းလှူခြင်းတို့ကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။

( ငွေတောင်ဦးကုန်းတော်၌ ပြုလုပ်မည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲဖိတ်စာ )

ထို့အတူပင် တာချီလိတ်၌ ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲအား ကျင်းပလာခဲ့သည်မှာ (၃၉)နှစ်ရှိပြီဖြစ်သော ငွေတောင်ဦးကမ္မဋ္ဌာန်ကျောင်းတိုက်၊ ငွေတော်ဦးကုန်းတော်ပေါ်တွင်လည်း ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲနှင့် ရဟန်းသံဃာနှင့်သီလရှင် စုစုပေါင်း အပါး(၁၆၈)ပါးတို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~