မြန်မာနိုင်ငံ HRDP မှ လူ့အခွင့်အရေးအကြောင်း တာချီလိတ်၌ ပို့ချ

မြန်မာနိုင်ငံ HRDP မှ လူ့အခွင့်အရေးအကြောင်း တာချီလိတ်၌ ပို့ချ
မေ 9, 2014
By Tachileik News Agency
နိုင်ငံတည်ဆောက်ရေးနှင့် တိုင်းပြည်အုပ်ချုပ်မှု အခန်းကဏ္ဍများတွင် နိုင်ငံသားတစ်ဦးချင်းစီအလိုက် လုပ်ဆောင်ရမည့် တာဝန်ဝတ္တုရားများနှင့် လာမည့် ၂၀၁၅ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအပြင် နိုင်ငံရေးပါတီများ အနေဖြင့် လုပ်ဆောင်ရမည့် အခန်းကဏ္ဍများ စသည့် အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့ ( HRDP )မှ ကြီးမှူးစီစဉ်သည့် Civic Education Workshop ကို တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ယနေ့ မေလ(၉)ရက်နေ့မှ စ၍ မေလ(၁၁)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
စတင် နှီးနှောဖလှယ်သည့် အခမ်းအနားတွင် HRDP မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက နိုင်ငံရေးပါတီများ အနေဖြင့် တရားမျှတစေရေး နှင့် ရွေးကောက်ပွဲသည်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးတို့ အတွက် နိုင်ငံသားတိုင်း လူ့အခွင့်အရေးကို သိရှိရန်လိုကြောင်းနှင့် ၎င်းတို့၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ အကြောင်းကိုလည်း အကျဉ်း ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်၍ ယခုလို Civic Education Workshop ကို တာချီလိတ်မြို့၌ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွက်ချက်အား တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဌေးဝင်းမှ ရှင်းလင်းပြောကြားသည်။

HRDP မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေး )

မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ " ရဲတွေ၊ တရားသူကြီးတွေ နဲ့ အုပ်ချုပ်ရေးတွေ သူတို့ကိုယ်တိုင်က လူ့အခွင့်အရေးကို မသိရှိကြသေးတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်နေဆဲပဲ"ဟု  HRDP မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

HRDP မှ ကြီးမှုးစီစဉ်သော Civic Education Workshop ကို HRDP မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေး နှင့် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမောင်မောင်လေး တို့ ဦးဆောင်သည့် အဖွဲ့ဝင် (၅)ဦးတို့မှ လာရောက်၍ သင်ကြားပို့ချ နှီးနှောဖလှယ်ကြတာဖြစ်ပြီး  ယနေ့ မေလ(၉)ရက်နေ့တွင် တက်ရောက်လေ့လာသူ စုစုပေါင်း (၃၀)ခန့် ရှိတာကို တွေ့ရှိရသည်။

ယခု သင်ကြားပို့ချ နှီးနှောဖလှယ်သည့် Civic Education Workshop ကို ယနေ့ မေလ(၉)ရက်မှ မေလ(၁၁)ရက်နေ့ထိ သတ်မှတ်ရက် နံနက် (၈)နာရီမှ ညနေ(၄)နာရီအချိန်ထိ ပို့ချမည်ဖြစ်ရာ သတ်မှတ်ရက်အတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သည့် ပါတီကမဆို လာရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။
ဓါတ်ပုံ ။       ။ လင်းလင်း
သတင်း ။    ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~