ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် မိုင်းခတ် ၊ မိုင်းလား (အော်တိုအိတ်ချိန်း) ၊ ကျိုင်းတုံ (မြို့တော်ခန်းမ) ၊ ကျိုင်းတုံ (ဆေးရုံကြီး) ၊ ကျိုင်းတုံ (တက္ကသိုလ်) ၊ တာချီလိတ် (မိုင်းကိုး) ၊ တာချီလိတ် (ရီဂျီးနား) ၊ တာချီလိတ် ( မိုင်းလင်း/အရှေ့) ၊မိုင်းတုံ (နားကောင်းမူး ) ၊ မိုင်းဆတ် (လွိုင်ဆမ်ဆုံ/မိုင်းတွမ်း) စသည့်နေရာများတွင် လွှင့်အား ၃၀၀၀ရှိ တာဝါတိုင်များတည်ဆောက်ပြီးဖြစ်ကာယခုအခါ Power လုပ်ငန်း ၊ Radio လုပ်ငန်း ၊ Tramsmission လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများမှ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ မကြာမီကာလအတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုချောမွေ့ လွယ်ကူလာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူများ ဆက်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လစဉ် တယ်လီဖုန်း Sim Card များ ချထားပေးခြင်း ၊ GSM တာဝါတိုင်များအား တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျှက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသတွင် လိုင်း ၃၀၀၀ လွှင့်အားရှိ တာဝါတိုင်ပေါင်း ၁၀ခုအား ရာခိုင်နှုန်းပြည့်တည်ဆောက် ပြီးသွားပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ပြည်နယ်)ရုံးမှ သိရသည်။
( တာချီလိတ် (ရီဂျီးနား) မှ GSM တာဝါတိုင် )
သတင်း။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]