တာချီလိတ်၌ မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်းဆင်းပွဲ ကျင်းပ

တာချီလိတ်၌ မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်းဆင်းပွဲ ကျင်းပ
မေ 23, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၂)ရက်နေ့ နံနက်(၈)နာရီခွဲတွင် တာချီလိတ်မြို့နယ် အထက-တာချီလိတ် ကျောင်းခန်းမတွင် မြို့နယ်အခြေပြုမူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မြို့နယ်ဖွံ့ဖြိုးမှု့အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်၊ တာချီလိတ်ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီ အတွင်းရေးမှူး ဦးထိန်မင်း၊ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြ(၁၃)ဦးနှင့်အတူ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း လက်မှတ်များအဖြစ် သင်တန်းသား၊ သင်တန်းသူ(၁၅၀)ဦးအား ချီးမြှင့်ခဲ့ကြသည်။

သင်တန်း အဖွင့်အမှာစကားအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှလည်းကောင်း၊မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှမှ လည်းကောင်း ပြောဆိုမှာကြားခဲ့ကြပြီး သင်တန်းတွင် ထူးချွန်ဆု (၅)ဆုကို ချီးမြှင့်ခဲ့ရာ တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့နယ်ခွဲ နမ့်ခင်းကျေးရွာအုပ်စု အမက-ကော်မိုင်ဟုန်းမှ ဒေါ်နော်ခင်လှမှ ရရှိသည်။

သင်တန်း တာဝန်ခံအဖြစ် အထက-ဟောင်လိတ်ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးမှ တစ်လတာ ဦးဆောင် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသားများ၏ ကြိုးစားမှုမှာ အားရဖွယ်ကောင်းကြောင်း သိရှိရသည်။

သင်တန်းဆိုင်ရာ အထွေထွေ လိုအပ်ချက်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှလည်းကောင်း၊ တာချီလိတ်ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီင်္ကလည်းကောင်း၊တာချီလိတ်မူးယစ်အထူးတပ်ဖွဲ့တို့မှ လည်းကောင်း ထိရောက်စွာ ကူညီပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။

သတင်း။ ။ မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~