မိုင်းဆတ် - တာချီလိတ် လမ်းပေါ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိ

မိုင်းဆတ် - တာချီလိတ် လမ်းပေါ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိ
မေ 30, 2014
By Tachileik News Agency

မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ လမ်းလျှောက်လာသူအား ၂၀၁၄ခုနှစ် မေလ(၂၉)ရက် ညနေ(၅)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးများနှင့် တရားခံအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းနော်ဟိန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအထွက် တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ်မှာ ကြိုတင်သတင်းရရှိထားသူ အားဂျာအား မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ လမ်းလျှောက်လာသည်ကို တွေ့ရှိသဖြင့် ၎င်းအား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ Sponsor စာတမ်းပါ ဖန်ပုလင်းဖြင့် ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန် (၂၀)ဂရမ်စီပါသည့် (၂)ပုလင်း နှင့် ရှမ်းစက္ကူဖြင့် ထုပ်ထားသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၄၀၀)ပြားတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အားဂျာ အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၇၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~