ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးရှင်းလင်းပွဲအား ယနေ့ မေလ(၂၈)ရက် မွန်းလွဲပိုင်းက တာချီလိတ်ခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့
ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီးအဝေးပြေးယာဉ်လိုင်းများမှ ဂိတ်မှူးများနှင့်
တာဝန်ရှိသူများ ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းဖြူက ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (ကရဖ)၏ ဥပဒေ၊
နည်းဥပဒေများ အားလည်းကောင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်နိုင်မှ မော်တော်
ယာဉ်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရန် ရှောင်ရန်များအားလည်းကောင်း ၊
မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ခံ ဦးအောင်ဟိန်းကျော်က အလုံးစုံမော်တော်ယာဉ်အာမခံ ၊ အထူးခရီး
သွားအာမခံများအကြောင်း သိကောင်းစရာများအားလည်းကောင်း ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစိုင်းစံတစ်ပ် က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်
ကြံ့ခိုင်မှုလုပ်ငန်းစဉ်များအားလည်းကောင်း ၊ မြို့နယ်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး
ကော်မတီဥက္ကဌ ဦးစ၀်စိုးလင်းမှ အဝေးပြေးမော်တော်ယာဉ်ပြေးဆွဲမှုဆိုင်ရာ စည်းကမ်းများအားလည်းကောင်း အကျယ်တ၀င့် အသိပညာပေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာကြသော အဝေးပြေးယာဉ်လိုင်းများမှ ဂိတ်မှူးများ ၊ ကြီးကြပ်ရေးမှူး
များနှင့် တာဝန်ခံများက သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြပါသည်။ ဆက်လက်ပြီး
တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာန၀န်ထမ်းများက မော်တော်ယာဉ်မီးဘေးကာကွယ်ရေးနှင့် ခေတ်
မီမီးသတ်ဆေးဗူးများဖြင့် မီးငြှိမ်းသတ်ရေးအား သရုပ်ပြသကြကာ ယာဉ်လိုင်းတာဝန်ခံများက လက်
တွေ့မီးငြှိမ်းသတ်မှုအား လေ့ကျင့်ဆောင်ရွက်ကြသည်။
အဝေးပြေး ခရီးသည်ပို့ဆောင်ရေးဆောင်ရွက်နေကြသည့် ပုဂ္ဂလိကခရီးသည်ပို့ဆောင်ရေး
ယာဉ်များအနေဖြင့် (၁) ယာဉ်သက်သေခံကဒ် Wheel Tex (ကညန) ၊ (၂) ပို့/ဆက် လုပ်ငန်းလိုင်
စင် ၊ (၃) သက်တမ်းရှိ မီးသတ်ဆေးဗူး တပ်ဆင်ထားမှု ၊ (၄) ယာဉ်ကြံ့ခိုင်မှု (၅) သတ်မှတ်ခရီးသည်
ထက်ပိုဆောင်တင်ဆောင်ထားမှုမရှိရေး ၊ (၆) ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်နောက်လိုက်လိုင်စင် (၇)
အရေးပေါ် အခြေအနေပေါ်ပေါက်ပါက မှန်တံခါးအားထုခွဲနိုင်သည့် တူ/ပုဆိန် ပါရှိမှု စသည့် အချက်
(၇)ချက်အား လေးစားလိုက်နာကြရန်လိုအပ်ကြောင်းနှင့် လိုက်နာမှုမရှိသော ယာဉ်နှင့် ယာဉ်မောင်း
များအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။