အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုးမြှင့်ယူထားသော လျှပ်စစ်ဓါတ်အားလိုင်း သွယ်တန်းမှုကို မီးလင်းရေးကော်မတီမှ နေ့ချင်းပြီး ဆောင်ရွက်သွယ်တန်းမှာ ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်း လုပ်ကိုင်နေစဉ် လျှပ်စစ်မီးထိခိုက်မှုအန္တရာယ် ကင်းရှင်းစေရန်အတွက် ၃၀.၄.၂၀၁၄ရက် နံနက်(၉)နာရီမှ မွန်းလွှဲ(၁)နာရီအချိန်ထိ တာချီလိတ်တစ်မြို့လုံး လျှပ်စစ်ဓါတ်အား ခေတ္တ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း မြို့နယ်မီးလင်းရေးကော်မတီထံမှ သိရသည်။
ဆန်ဆိုင်းရပ်ကွက်နေ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးမှလည်း "ကျွန်တော်တို့ နေတဲ့ ဆန်ဆိုင်း(က)နဲ့ ကျွန်တော့်အသိမိတ်ဆွေနေတဲ့ မယ်ခေါင်ရပ်ကွက်ထဲမှာလည်း မီးအားခဏခဏကျလို့ ကွန်ပျူတာလည်း ခဏခဏပျက်တယ်၊ မီးအားနည်းပြီး ခဏခဏကျတော့ facebook တောင်မသုံးရတာ ၃-၄ရက်ရှိပြီဗျာ၊ မီးလင်းရေးက အခုလို လျှပ်စစ်ဓါတ်အား တိုးမြှင့်ယူထားတယ်ဆိုတော့ မြို့ပေါ်ရပ်ကွက်တွေကို အဓိကအားဖြင့် မီးအားမကျအောင် လုပ်ပေးစေချင်တယ်"ဟု တာချီလိတ်အွန်လိုင်းသို့ မီးအားနည်းမှုနှင့် ပတ်သက်၍ ပြောလာသည်။