တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စာသင်ဆောင်သစ်ဖွင့်လှစ်

တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စာသင်ဆောင်သစ်ဖွင့်လှစ်
ဧပြီ 27, 2014
By Tachileik News Agency
တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်)ကျေးရွာအုပ်စု ကျောက်လှိုဏ်ဂူကျေးရွာ ၊ တောင်တန်း
သာသနာပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား
ယနေ့ ဧပြီလ (၂၇)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုသြ၀ါဒါစရိယဆရာတော်
များအဖွဲ့ အကျိုးတော်ဆောင် ကျားကူးဓမ္မဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ ၊
တာချီလိတ်မြို့တောင်တန်းသာသနာပြုဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တရေ၀တ ၊ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လတို့ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ၊ ရှမ်းပြည်
နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် သာသနာရေးဝန်ကြီး ဦးစိုင်းထွန်းရင် ၊ တာချီလိတ်
တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးကျော်စွာလင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများ
အလှူရှင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

     အခမ်းအနားတွင် ရှေးဦးစွာ ဒေသခံလားဟူတိုင်းရင်းသားရင်သွေးငယ် (၂၇) ဦးတို့အား
ပဗ္ဗဇ္ဈအမွေရှင်သာမဏေအဖြစ် မြင့်မြတ်သောသာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ကြပြီး
သံဃာတော်အရှင်သူမြတ်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့
နောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ကြသည်။

   အဆိုပါ ကျောက်လှိုဏ်ဂူကျေးရွာသည် တာချီလိတ်မြို့ မြောက်ဖက် ၁၃မိုင်ခန့်အကွာတွင်
တည်ရှိပြီး တောင်ရိုးပျော် လားဟူတိုင်းရင်းသားများ တောင်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေး
ဝမ်းကျောင်းပြုလျှက်ရှိရာတွင် ကျန်းမာရေး-ပညာရေးစသည့် အခြေခံလူမှုလိုအပ်ချက်များအား
တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တဥတ္တမသာရ ( B.A , Buddhism) အမှူးပြုသော သာသနာပြု ရဟန်းတော်များမှ ချို့တဲ့နွမ်းပါးစွာ သီတင်းသုံးရင်း လားဟူတိုင်းရင်းသားရင်သွေးငယ်များအား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်လှစ်ကာ တတ်စွမ်းသမျှထောက်ပံ့ဆောင်ရွက်
လျှက်ရှိရာ ဆရာတော်၏ ပညာဒါနအားဖြည့်ဆည်းသောအားဖြင့် တာချီလိတ်မြို့ မင်းခေတ်သစ်
ကုမ္ပဏီမိသားစုမှ အလျား ၇၅ ပေ ၊ အနံ ၁၈ပေရှိ သွပ်မိုး RC အမျိုးအစား ကျောင်းဆောင်သစ်
နှင့် စာရေးခုံများအား စုစုပေါင်း ကျပ်သိန်း ၁၅၀ အကုန်အကျခံကာ တည်ဆောက် လှူဒါန်းပေးခြင်း
ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း ။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~