မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး မိုင်းဖြတ်၌ အသိပညာပေး

မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး မိုင်းဖြတ်၌ အသိပညာပေး
ဧပြီ 26, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မိုင်းဖြတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို  ဧပြီလ (၂၃ )ရက်၊ နံနက် (၁၁)နာရီက     ဈေးတန်းရပ်ကွက်ရှိ မြို့မဈေးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး  ဦးကိုကိုနိုင်က မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်  မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးဝင်းနိုင်ဦးက မီးဘေး လုံခြုံရေးအတွက် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက  မီးငြှိမ်းသတ်နည်းနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလက်တွေ့ သရုပ်ပြသည်။

အဆိုပါ  သရုပ်ပြပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်စည်ပင်သာယာ
ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် ဈေးသူဈေးသားများ တက်ရောက်ကြောင်းသိရှိရသည်။

သတင်း ။            ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~