ဆိုင်ကယ် အိတ်ဇောထဲ၌ သိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်းများ ကွတ်ခိုင်၌ ဖမ်းမိ

ဆိုင်ကယ် အိတ်ဇောထဲ၌ သိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်းများ ကွတ်ခိုင်၌ ဖမ်းမိ
ဧပြီ 7, 2014
By Tachileik News Agency
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် နှင့် ကွတ်ခိုင်လှုပ်ရှားမှုးယစ်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ဧပြီလ(၆)ရက် ညနေ (၅း၃၀)နာရီ အချိန်ခန့်က ကွတ်ခိုင်မြို့အထွက်၌  ကျပ်(၁၅)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်းများအား တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ကွတ်ခိုင်မြို့အထွက် ကောင်းခါးလမ်းခွဲထိပ် လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ ယာဉ်သွားယာဉ်လာများအား ရပ်တန့်ရှာဖွေ စစ်ဆေးနေကြစဉ် ကောင်းခါးဘက်မှ ကွတ်ခိုင်ဘက်သို့ မောင်တုံပေါက်xxx စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မသင်္ကာ၍ရပ်တန့် စစ်ဆေးရာ အဆိုပါ ဆိုင်ကယ်၏ အိတ်ဇောအတွင်း၌ သို့ ၀ှက်သယ်ဆောင်လာသည့် ပလပ်စတစ် မိုင်းကိုင်စက္ကူတို့ဖြင့် ပတ်၍ ထုပ်ပိုးထားသည့် အလေးချိန် (၁.၅)ကီလိုရှိ ဘိန်းစိမ်းများကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်တုံပေါက်xxxအား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ)၄၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~