ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၁၀)ရက် နံနက် (၇း၃၀)နာရီအချိန်က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ အားခေရွာလမ်း အိမ်အမှတ် (၁၄-၈/xxxx)၌ စိတ်ကြွဆေးပြား တစ်ရာကျော်နှင့်အတူ တရားခံနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ အားခေရွာလမ်း အိမ်အမှတ် (၁၄-၈/xxxx)၌ မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ မထားxxxx နှင့်အတူ မောင်ဘိုxxxတို့အား နေအိမ် အိပ်ခန်းအတွင်း၌ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေစစ်ဆေးရာ အိပ်ယာ ခေါင်းရင်းဘက်ရှိ သွပ်ပြားကြားမှ Wyစာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၈)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် အဆိုပါ တရားခံနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၅၅/၂၀၁၄၊ မူး/စိတ်ပုဒ်ပ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]