ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရန်အတွက် ၀ိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး (၆၅)ဦး အနက် (၆၄)ဦး တက်ရောက်လာခဲ့ပြီး ၎င်းတို့မှ ရပ်ကွက်အုပ်ချုပ်မှူး ရွေးချယ်ရန်အတွက် ဦးစိုင်းခမ်းဟုန်(တော်ကော့[ပြင်]၊ ဦးချစ်ထွန်း(၀ိန်းကျောက်) နှင့် ဦးထွန်းလှိုင် ( တော်ကော့[တွင်း])တို့ သုံးဦးအား အဆိုတင်သွင်းရာ၊ အဆိုပါ အဆိုတင်သွင်းမှုအား ကန့်ကွက်သူမရှိသည့် အတွက် ဆက်လက်၍ တက်ရောက်လာသည့် ဆယ်အိမ်မှူး (၆၄)ဦးမှ မဲဆန္ဒပြုကြရာ ဦးစိုင်းခမ်းဟုန်(တော်ကော့[ပြင်]မှ (၁၂) မဲ၊ ဦးချစ်ထွန်း(၀ိန်းကျောက်) မှ (၆)မဲ နှင့် ဦးထွန်းလှိုင် ( တော်ကော့[တွင်း])မှ (၄၆)မဲ စသည့် မဲအသီးသီးရရှိသွားခဲ့ကြသည်။
အဆိုပါ သုံးဦးအနက် မဲအများဆုံးရရှိထားသူအား ၀ိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးအပ်နိုင်ရန် ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြီးကြပ်အဖွဲ့မှ တင်ပြသွားမှာ ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ၀ိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အဆိုပါရပ်ကွက်မှ ကြီးကြပ်ရေးအဖွဲ့အဖြစ် ရွေးချယ်ထားသော ရပ်မိရပ်ဖ (၅)ဦးကော်မတီနှင့် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အဖွဲ့ဝင် ဦးစိုင်းလုံမား နှင့် အာခါတိုင်းရင်းသားခေါင်းဆောင် ဦးအာဇီးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်