ထိုသို့ ၀မ်လုံးကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ၀မ်လုံးကျေးရွာအုပ်စုထဲမှ ဆန္ဒပြုနိုင်သူ သို့မဟုတ် ပါဝင်ယှဉ်ပြိုင်နိုင်သူ ဆယ်အိမ်မှူးစုစုပေါင်း (၄၈)ဦးတက်ရောက်လာခဲ့ရာ တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
တက်ရောက်လာသည့် ဆယ်အိမ်မှူး (၄၈)ဦးထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်ဝင်ရောက် ရွေးချယ်ခံသူ ဦးအားဂါ(အာခါတိုင်းရင်းသား) နှင့် ဦးစိုင်းခမ်းနွန်း(ရှမ်းတိုင်းရင်းသား)တို့ နှစ်ဦးအား အဆိုပါ ဆယ်အိမ်မှူးများမှ မိမိတို့၏ သဘောဆန္ဒဖြင့် မဲပေးစနစ်ကို ကျင့်သုံး၍ ဆန္ဒပြုကြရာ ဦးအားဂါ မှ (၁၈)မဲ၊ ဦးစိုင်းခမ်းနွန်းမှ (၂၉)မဲ ပယ်မဲ (၁)မဲဖြစ် ဦးစိုင်းခမ်းနွန်းမှ ၀မ်လုံးကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် အနိုင်ရရှိသွားခဲ့သည်။
ယခုရွေးချယ်ပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် အနိုင်ရရှိသူအား တရားဝင် တာဝန်ပေးအပ်နိုင်ရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်သော ၀မ်လုံးကျေးရွာအုပ်စုထဲတွင် ၀မ်လုံရွာ၊ ဟွေခိုက်ရွာ၊ ၀ိန်းဝရွာ၊ ဖာတမာကုန်းရွာ၊ လွယ်စတုံ(အထက်) နှင့် လွယ်စတုံ(အောက်)ရွာစသည့် ရွာများ ပါဝင်ကြောင်း သိရှိရသည်။