နွေရာသီ အခမဲ့ သင်တန်းအဖြစ် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်ရာ သင်တန်းသား/သူ ၁၄၃ ဦးရှိ

နွေရာသီ အခမဲ့ သင်တန်းအဖြစ် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်ရာ သင်တန်းသား/သူ ၁၄၃ ဦးရှိ
မတ် 12, 2014
By Tachileik News Agency
နွေရာသီ ကျောင်းပိတ်ကာလများတွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အကျိုးရှိစေရန် ရည်ရွယ်၍ နွေရာသီ အခမဲ့သင်တန်းအဖြစ် တာချီလိတ်မြို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကရာတေးပညာ၊ မြန်မာ့သိုင်းပညာ၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း စသည့် သင်တန်းများကို မတ်လ(၁၀)ရက် မှ ဧပြီလ(၅)ရက်နေ့ထိ တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ သင်ကြားပို့ချပေးနေလျက် ရှိကြောင်း သိရသည်။

 အင်္ဂလိပ်စကားပြောသင်တန်းတွင် ဆရာ ဦးအားငို နှင့် ဆရာမ ဒေါ်အေးအေးဝင်း တို့မှ သင်ကြားပို့ချ ပေးပြီး သင်တန်းသားများ အနေဖြင့် ကျောင်းသား ကျောင်းသူ (၅၃)ဦးရှိပြီး ကွန်ပျူတာသင်တန်းတွင် ဆရာ ဦးအံ့ထူးသော် နှင့် ဆရာ ဦးကျော်ငြိမ်းအောင် တို့မှ သင်ကြားပေးရာ သင်တန်းသား/သူ (၅၀)ဦး ရှိကြောင်း သိရသည်။

ဆက်လက်၍  ကရာတေးပညာ နှင့် မြန်မာ့သိုင်းပညာတို့ကို နည်းပြဆရာများအဖြစ် ဦးတင်မောင်လှ၊ ဦးညီလှအောင် နှင့် ဦးဌေးအောင်တို့မှ သင်ကြားပေးပြီး သင်တန်းသား/သူ (၄၀)ဦးရှိကြောင်း သိရသည်။

တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သင်ကြား ပို့ချပေးသော ၂၀၁၄ခုနှစ် နွေရာသီ အခမဲ့သင်တန်းတွင် ကရာတေးပညာ၊ မြန်မာ့သိုင်းပညာ၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း စသည့် သင်တန်းတို့တွင် တက်ရောက် သင်ယူသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၃) ဦးရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~