ထိုသို့ ကောက်ယူရာတွင် တာချီလိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် အပါအ၀င် မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သန်းခေါင်စာရင်း ကော်မတီဝင်များမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ လေ့လာသူများလည်း ရှိကြောင်း သိရသည်။
ယင်းသို့ လေ့လာသူများတွင် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ( UNFPA ) မှ မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးတွင် လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်များထဲမှ Mr. Bart de Bruijn နှင့် မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါ်သီတာဦးတို့မှ တာချီလိတ်ခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ လာရောက်လေ့လာရာ ခရိုင်/မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းပြသပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရှိရသည်။