သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း မိုင်းဖြတ်၌ ဖွင့်

သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း မိုင်းဖြတ်၌ ဖွင့်
မတ် 6, 2014
By Tachileik News Agency
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့တွင်၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်း  ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မတ်လ(၆)ရက်  နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ၊   ခရိုင်သန်းခေါင်စာရင်းကော်မတီ
အတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က    သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများ လိုက်နာရမည့် စည်းကမ်းများနှင့်စပ်လျဉ်းပြီး        အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍  သင်တန်းသား၊ သင်တန်းသူများအား  သင်တန်းနှင့်ပတ်သက်သည့်  စာရွက်စာတမ်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော် နှင့် တာဝန်ရှိသူများက  ပေးအပ်ခဲ့ပြီး ၊ သင်တန်းကာလမှာ ၆-၃-၂၀၁၄ မှ ၁၁-၃-၂၀၁၄ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းပေးပို့သူ။       ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~