ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် နဂါးနှစ်ကောင်ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ အကုန်အကျခံကာ ဆောက်လုပ်၍ နိုင်ငံတော်သို့ လှူဒါန်းထားသော "ဓမ္မသီရိ"ဆေးရုံကြီးထဲတွင် ချုံနွယ်မြက်ပင်နှင့် သက်ကယ်ပင်များ ထူထပ်နေသည်ဖြစ်ရာ မြွေအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် တာချီလိတ် တပ်နယ်မှ စစ်သည်၊ ရဲမေ စုစုပေါင်း အင်အား(၂၀၀)ကျော်တို့က ယနေ့ မတ်လ(၈)ရက် နံနက် (၇)နာရီမှ (၉)နာရီကျော်အထိ အဆိုပါ ဆေးရုံကြီးအတွင်း ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ခုတ်ထွင်ရှင်းလင်းရာမှာ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းမှ ကြီးကြပ်ညွှန်ကြားပြီး စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ ကွပ်ကဲမှုအောက်မှ အရာရှိများ၊ စစ်သည် နှင့် ရဲမေ စုစုပေါင်း အင်အား (၂၀၀)ကျော်တို့က တက်ကြွစွာဖြင့် ချုံနွယ်မြက်ပင်နှင့် သက်ကယ်ပင်များအား ခုတ်ထွင်ရှင်းလင်း၍ လုပ်အားဒါနပြုခဲ့ကြသည်။
ပုံများကိုကြည့်ရန်
98 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]