တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းကို တာချီလိတ်မြို့နယ်၌ ဒုတိယ အကြိမ်မြောက်အဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် အကြိမ်အကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သင်တန်းရက်ကို ဧပြီလ(၃)ရက်နေ့မှာ ဖွင့်လှစ်ရန်အတွက် ရက်သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
( ပထမအကြိမ် ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်း ပုံ )
အဆိုပါ ဒုတိယ အကြိမ်မြောက်သင်တန်းကို ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကို ဧပြီလ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး (၆)ရက်အကြာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ လာရောက်၍ သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း သိရသည်။
ဒုတိယ အကြိမ်မြောက် ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းတွင် ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာလေ၊ ပါခုတ် အပါအ၀င် တာချီလိတ်မြို့ပေါ်မှ ကျောင်း(၆)ကျောင်း စုစုပေါင်း (၁၂)ကျောင်း ထပ်မံတက်ရောက်ကြမှာဖြစ်ပြီး အချိန်မအားလပ်၍ ဆရာအဖြစ် မဟုတ်ပဲ ပြင်ပလေ့လာသူအနေဖြင့်လည်း လာရောက် လေ့လာ မှတ်သားနိုင်မှာဖြစ်ကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာ
ဓမ္မစကူးလ်ကျောင်းတော်မှ တဆင့် သိရှိရသည်။
ပြီးခဲ့သော ပထမအကြိမ် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းကို ၂၀၁၃ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့က (၆)ရက်တိုင်တိုင် ဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်ရာ ဆရာဖြစ် သင်တန်းတက်ရောက်သူ သံဃာတော်များနှင့် ဆရာ/မ သင်တန်းသူ/သားများ အပါအ၀င် (၃၆) ဦး နှင့် အကူ ဆရာ/မများအဖြစ် တက်ရောက်သူ (၂၃) ဦး စုစုပေါင်း (၅၉) ဦး တက်ရောက် သင်ယူခဲ့ကြကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]