တာချီလိတ်မြို့ ဖတ်ဟိ အထက် အာခါရွာ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

တာချီလိတ်မြို့ ဖတ်ဟိ အထက် အာခါရွာ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
မတ် 23, 2014
By Tachileik News Agency

လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ထဲမှ ကျပ်သိန်း (၅၀)အား ခွဲဝေအသုံးပြု၍ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ဖတ်ဟိ အထက်ရွာ၏  ရွာလမ်းအား ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပြုလုပ်မှု ပြီးမြောက်ရာ အဆိုပါလမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မတ်လ(၂၃)ရက် နံနက်ပိုင်း(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်းနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ( ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ) ဦးမင်းသိမ်းတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ထဲမှ လိုအပ်သည့်နေရာများမှာ ခွဲဝေအသုံးပြု၍ လမ်းခင်းပေးခြင်း ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး လွယ်တော်ခမ်းကျေးရွာအုပ်စု အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးအားထူ (ခ) ဦးထွန်းထွန်းဦးက ဖတ်ဟိ အထက်ရွာ၏ ရွာလမ်းမကို ယခုလို ကွန်ကရစ်လမ်းအဖြစ် ခင်းပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ( ခရိုင်ဥပဒေအရာရှိ) ဦးမောင်မောင်ဝင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်း နှင့် အာခါတိုင်းရင်းသားခေါင်းဆောင် ဦးအာဇီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် ခရိုင်စီမံကိန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်/ကျေးရွာအထောက်အကူပြုအဖွဲ့ဝင်များအပြင် လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအားဂျာနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အာခါတိုင်းရင်းသား ရွာသူ၊ ရွာသားများ တက်ရောက်ခဲ့ကြသည်။

( ရုပ်သံ တင်ဆက်မှု )

လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေများ နှင့် ကျေးရွာသူ ကျေးရွာသားများ၏ စုပေါင်းလုပ်အားတို့ဖြင့် ပြုလုပ်ထားသည့် ဖတ်ဟိ အထက်ရွာအတွင်းရှိ ကွန်ကရစ်လမ်းသည် အရှည် ပေ(၃၀၀) နှင့် အလျား (၁၂)ပေရှိပြီး အထူအားဖြင့် (၆)လက်မ ရှိကြောင်း နှင့် အဆိုပါ ကျေးရွာတွင် နေထိုင်သူ လူဦးရေအားဖြင့် (၂၈၃)ဦးနှင့် အိမ်ထောင်စု (၃၅)စုရှိကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~