အဆိုပါလမ်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်း နှင့် အဆိုပါရွာမှ အာခါတိုင်းရင်းသားများ တက်ရောက်လာခဲ့ကြပြီး အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် တို့မှ အဆိုပါလမ်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းပြီးသည့်နောက်မှာ အာခါတိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးပီတာသောင်းစိန် မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေထဲမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် အဆိုပါ လမ်းအား ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ လမ်းခင်းကျင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လျပ်စစ်မီးမရရှိသေးသော နေရာများကို လျပ်စစ်မီးရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တဆက်တည်းမှာပင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦအောင်မြင့်က ၎င်းတို့၏ ရွာအတွင်း လမ်းခင်းကျင်းပေးမှုနှင့် ပတ်သက်၍ "ယခင်က ရွာတွင်းလမ်းမှာ မိုးတွင်းအခါ သွားလာရခက်ခဲပြီး ကျောင်းသွား ကျောင်းလာ ကလေးများအတွက်လည်း အခက်အခဲဖြစ်ခဲ့ရာ ယခုအခါမှာ လမ်းခင်းပေးသည့်အတွက် အနာဂတ်မှာ လှပလာတော့မှာဖြစ်ပြီး အခုလို လမ်းခင်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း"စသည်ြ့ဖင့် ကျေးဇူးတင်စကား ပြောကြားသည်။
တဆက်တည်းမှာပင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီး တို့မှ နမ့်လွတ်(အာခါ)ရွာအတွက် ကျောင်းစာသင်ခုံ (၆)စုံ၊ စာသင်ကျောက်သင်ပုန်း (၂)ခု၊ စာရေးစားပွဲခုံ (၃)ခုံ နှင့် အိမ်သာကြွေခွက် ( ၅၀ )တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာအထောက်အကူပြုကော်မတီအဖွဲ့ဝင်များမှ ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။