နမ့်ခမ်း၌ မူးယစ်ဆေးဝါး ပပျောက်ရေး အသိပညာပေး

နမ့်ခမ်း၌ မူးယစ်ဆေးဝါး ပပျောက်ရေး အသိပညာပေး
မတ် 22, 2014
By Tachileik News Agency

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှာ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံတိုင်းရင်းသားများအနေဖြင့် သိရှိစေရန်အတွက် အသိပညာပေးမှုများကို ယနေ့ မတ်လ(၂၂)ရက် နံနက် (၁၀)နာရီအချိန်က ရပ်ကွက်(၉)ရှိ အောင်မင်္ဂလာကွက်သစ် အုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်အေးမှ ရဲလုပ်ငန်းဆိုင်ရာများဟောပြောခဲ့ကြသည်။ တဆက်တည်းမှာပင် နမ့်ခမ်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခင်မောင်ညီမှ ပြစ်မှုပြစ်ဒဏ်များအား ပညာပေးဟောပြောခြင်းအပြင် မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲအုပ် စိုးအောင်က မူးယစ်ဆေးဝါးများအန္တရာယ် သိကောင်းစရာများကို Power Point တို့ဖြင့် အသိပညာပေး ဟောပြောပြီး လူကုန်တားတပ်ဖွဲ့စု(၁၇)၊ မူဆယ်မှ ရဲအုပ်အောင်မျိုးထွဋ်မှ လူကုန်ကူးခြင်းဆိုင်ရာများကို ပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုယ်ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း (၂၀၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~