စိတ်ကြွဆေးပြားနှင့် လက်နက်/ခဲယမ်းများ တာချီလိတ်မြို့၌ ဖမ်းဆီးရရှိ

စိတ်ကြွဆေးပြားနှင့် လက်နက်/ခဲယမ်းများ တာချီလိတ်မြို့၌ ဖမ်းဆီးရရှိ
မတ် 7, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်း၌ မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ၀င်ရောက်လာသော ကားပေါ်မှ လက်နက် (၁)လက်နှင့် ကျည်တောင့်များအပြင် စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းဖွဲ့မှ ယနေ့ မတ်လ(၇)ရက် နေ့လည် (၁၁)နာရီအချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ၀င်ရောက်လာသည့် ကားအား ရပ်တန့်စစ်ဆေးရှာဖွေရာ ကားပေါ်မှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၃၅)ပြား နှင့် H-365037 နံပါတ်ပါသည့် pietro -BERETTA - 9 MM အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကဒ်(၂)ခုနှင့် Luger RAI-10 စာတမ်းပါ ကျည်(၄၂)တောင့်တို့ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ အပါအ၀င် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိရသည့် ကျဘို(ကျား) အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၃၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~