ပညာရေး ငွေပဒေသာပင် စိုက်ထူ ပေးအပ်လှူဒါန်းပွဲ မိုင်းဖြတ်တွင် ကျင်းပ

ပညာရေး ငွေပဒေသာပင် စိုက်ထူ ပေးအပ်လှူဒါန်းပွဲ မိုင်းဖြတ်တွင် ကျင်းပ
မတ် 24, 2014
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် အခြေခံပညာသင်ကြားမှုနှင့် သင်ယူမှု နည်းစနစ် အတွက် အထောက်အကူဖြစ်စေပြီး၊ အရည်အသွေးရှိသော ကျောင်းသားကျောင်းသူများ ပေါ်ထွန်းကာ  လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်လျက် အခြေခံပညာအထက်တန်းကျောင်း ပညာရေး ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို မတ်လ (၂၂)ရက်၊ နံနက်(၁၀)နာရီခွဲက မိုင်းဖြတ် အထက၊ သံလွင်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့နေ ဦးစိုင်းစိန်ခမ်းနွဲ့နှင့် ဒေါ်ပြည့်ပြည့်ဟိန်း ( Picturesque Myanmar  Travels & Tours Company Limited ) မိသားစုမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းစိန်ခမ်းနွဲ့က ငွေပဒေသာပင် စိုက်ထူလှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ အလှူရှင်မိသားစုမှ မိုင်းဖြတ်အခြေခံပညာအထက်တန်းကျောင်းအတွက် ပညာရေး
ငွေပဒေသာပင်စိုက်ထူရန်  ငွေကျပ် သိန်း ၅၀ ကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လည်းကောင်း၊     ပန်ကြူကျေးရွာ  ကုသလကောင်းကင်ဘုရားကျောင်းဓမ္မာရုံအတွက်  ဘိလပ်မြေအိတ် (၁၀၀)  ကျသင့် ငွေကျပ် ၅ သိန်းကိုပေးအပ်ရာ ဦးစိုင်းရီတစ် ကလည်းကောင်း၊  ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူ (ခေါ်) စွမ်ဟိန်းဂူသွားလမ်း ပြုပြင်ဖောက်လုပ်ခြင်း လုပ်ငန်းအတွက်  ဘိလပ်မြေအိတ်(၁၀၀) ကျင်သင့်ငွေကျပ်  ၅ သိန်းကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က လည်းကောင်း  အသီးသီး လက်ခံရယူသည်။ ထို့နောက်  အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ခင်မြသန်း က  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။        ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~