လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မိုင်းဖြတ်ခရိုင်တွင် စတင်ကောက်ယူ

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မိုင်းဖြတ်ခရိုင်တွင် စတင်ကောက်ယူ
မတ် 30, 2014
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ မိုင်းဖြတ်ခရိုင် ၊ မိုင်းဖြတ်မြို့တွင် ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ယနေ့ မတ်လ (၃၀)ရက် ၊ နံနက်  (၇)နာရီက စတင်ကောက်ယူလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာ အထောက်အကူပြုကော်မတီဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကောက်ယူလျက်ရှိသည်။
အဆိုပါ  သန်းခေါင်စာရင်းကောက်ယူရာ ရပ်ကွက်၊ ကျေးရွာများသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်အုန်း ၊  မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့အတူ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးစက်ရွှေ နှင့် အဖွဲ့ဝင်များက      မိုင်းယောင်းမြို့နယ် နှင့်  မိုင်းယုမြို့နယ်ခွဲသို့  သွားရောက်ပြီး သန်းခေါင်စာရင်းကောက်ယူလျက်ရှိသော  ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း   သိရှိရသည်။
ဓါတ်ပုံ/သတင်း။        ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~