အခမ်းအနားတွင် လီဆူတိုင်းရင်းလူမျိုးရေးရာ ၀န်ကြီး မှ အဖွင့်မိန့်ခွန်းပြောကြားပြီး ကချင်ပြည်နယ် မဲဆန္ဒနယ် (၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူ က ၎င်းအနေဖြင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားခဲ့ပုံများကို ရှင်းလင်းဝေငှပြောကြပြီး တာချီလိတ်မြို့ လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့မှ အတွင်းရေးမှူး ဒေါ်နန်းကျင်လှိုင်မှ ဆွေးနွေးတင်ပြသည်။
လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့မှ အတွင်းရေးမှူး ဒေါ်နန်းကျင်လှိုင်မှ ဆွေးနွေးတင်ပြရာမှာ "လီဆူ"ဟူသော အသုံးနှုန်းကို အများက "လီဆူး"၊ "လီဆော"အပြင် တရုတ်နှင့် ရှမ်းတိုင်းရင်းသားများက "လီရှော"၊ အာခါတိုင်းရင်းသားများက "လီဆော်"ဟု ၎င်းတို့အား အမျိုးမျိုးသုံးနှုန်း ခေါ်ဆိုနေကြသည့်အတွက် အားလုံးတစ်ပြေးညီ "လီဆူ" ဟူ၍သာ ခေါ်ဆိုစေလိုကြောင်း ဆွေးနွေး တင်ပြသွားခဲ့ပြီး ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားများမှ ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အခမ်းအနားအား ပြီးမြောက်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်