ကျိုင်းတုံမြို့တွင်းသို့ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ ၂၀၁၄ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ လျှပ်စစ်မီးဓါတ်အား ပေးမှုကို နံနက် (၅)နာရီမှ နံနက်(၉)နာရီအချိန်ထိ တစ်ကြိမ်၊ ညနေ(၅)နာရီမှ ည(၁၁)နာရီအထိ တစ်ကြိမ် စုစုပေါင်း တစ်ရက်လျှင် နှစ်ကြိမ် နေ့စဉ်ပုံမှန်ပေးသွားမှာဖြစ်ပြီး တစ်ယူနစ်လျှင် ကျပ်(၁၀၀)နှုန်းဖြင့် ကောက်ခံသွားမှာ ဖြစ်ကြောင်း ကျိုင်းတုံစွမ်းအင်ကုမ္ပဏီ၏ ကြော်ငြာချက်အရ သိရှိရသည်။
"ကြော်ငြာထားတဲ့အတိုင်း ပုံမှန် မီးလာမယ်ဆိုရင်တော့ ၀မ်းသာတယ်၊ မီးစက်မနှိုးရတော့ဘူးပေါ့.."ဟု ဈေးတန်းကြီးရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသား တစ်ဦးမှလည်း ပြောလာသည်။
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၏ မြို့တော်ဖြစ်သည့်အတွက် (၂၄)နာရီ လျှပ်စစ်မီး ရရှိပါက နိုင်ငံခြားသား ခရီးသွားများ ဒီထက်လာရောက်ကြမှာဖြစ်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက် စည်ကားလာမှာ ဖြစ်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုကြသည်။