ကလေးအထူးတရားပွဲတွင် ဆရာတော် ဒေါက်တာအရှင်လာဘသာမိ(မြတ်ဓမ္မ)၊ သာသနဓဇဓမ္မာစရိယ၊ စာချ၊ ဓမ္မကထိက M.A,Ph.D(India)မှ တရားတော်ဟောကြားတော်မူပြီး အဆိုပါ တရားပွဲသို့ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်အဖွဲ့အ၀င်များ အပါအ၀င် တာချီလိတ်မြို့နယ်ရှိ ဓမ္မစကူးလ်ကျောင်းတော်များမှ ကလေးသူငယ်များ နှင့် အပြင်ကလေးများ အပါအ၀င် စုစုပေါင်း (၁၅၀၀)၀န်းကျင် လာရောက်၍ တရားတော် နာယူကြသည်ကို တွေ့ရှိရသည်။
အဆိုပါတရားပွဲတွင် ဆရာတော် ဒေါက်တာအရှင်လာဘသာမိ(မြတ်ဓမ္မ)သည် "ဆဲဆိုတာ မကြိုက်၍ ပြန်ပေးသူ"တရားတော်ခေါင်းစဉ်ဖြင့် ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာ သိမ်မွေ့စေရန်နှင့် ဘိုးဘွား၊ မိဘများ၏ ပြောဆို ဆုံးမသော စကားများကို ရိုသေစွာ နာခံတတ်စေရန်အပြင် ဘာသာတရား ကိုင်းရှိုင်းတတ်စေရန်တို့အတွက် ကလေးများအတွက် အထူးတရားတော်ဟောကြားတော်မူသည်။
တရားပွဲပြီးမြောက်သည့်အခါမှာ တရားတော်လာရောက်နာယူကြသော ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များကို ဦးထွန်းဝင်း + ဒေါ်မီးမီး မိသားစုနှင့် စေတနာရှင် အလှူရှင်များမှ အစာအာဟာရများ ပေးဝေ၍ ဒါနပြုခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်များ ဖွင့်လှစ်ထားရှိပြီး ကလေးသူငယ်များအား သင်ကြားပေးနေလျှက်ရှိပြီး ဆက်လက်၍လည်း ကျောင်းတော်များ ဖွင့်လှစ်နိုင်ရန်အတွက် ဧပြီလ(၃)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းကို တာချီလိတ်မြို့ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတွင် ဖွင့်လှစ်သင်ကြားသွားရန် ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်