တယ်လီဖုန်းခေါ်ဆိုခ အကြွေးကျန်နေသော ဖုန်းများ မတ်လ ၂၃ နောက်ဆုံးထား၍ ပေးသွင်းရမည် မသွင်းက လိုင်းအပြီး ပိတ်သိမ်းမည်

တယ်လီဖုန်းခေါ်ဆိုခ အကြွေးကျန်နေသော ဖုန်းများ မတ်လ ၂၃ နောက်ဆုံးထား၍ ပေးသွင်းရမည် မသွင်းက လိုင်းအပြီး ပိတ်သိမ်းမည်
မတ် 12, 2014
By Tachileik News Agency
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ ငှားရမ်းသုံးစွဲခဲ့သည့် ကြိုးဖုန်းများ နှင့် GSM တယ်လီဖုန်းများအနက် အကြောင်းအမျိုးအမျိုးကြောင့် ဌာနမှ ယာယီပိတ်ခံထားရသော တယ်လီဖုန်းလိုင်းများနှင့် ပတ်သက်၍ ယခုအခါမှာ ပိတ်ထားသော ဖုန်းလိုင်းများအား ပြန်လည် ဖွင့်လှစ်ပေးတော့မည်ဖြစ်သည့်အတွက် အောက်ပါ စာရင်းတွင် ပါရှိသည့် ဖုန်းနံပါတ် ပိုင်ရှင်များအနေဖြင့် တယ်လီဖုန်းခေါ်ဆိုခ အကြွေးကျန်များကို ၂၃.၃.၂၀၁၄ နေ့ နောက်ဆုံးထားကာ ဆယ်သွယ်ရေးသို့ ပေးသွင်းမှသာ အဆိုပါ ဖုန်းလိုင်းများကို ပြန်လည် အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြော်ငြာထားချက်အရ သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့၌ အကြောင်းအမျိုးမျိုးကြောင့် ဌာနမှ ယာယီပိတ်ထားမှုကို ခံထားရသည့် ဖုန်းလိုင်းများအနေဖြင့် GSM တယ်လီဖုန်း (၇၃)လုံး နှင့် ကြိုးဖုန်း (၄၃)လုံး စုစုပေါင်း ပိတ်ခံထားရသည့် တယ်လီဖုန်း စုစုပေါင်း (၁၁၆)လုံးရှိကြောင်း သိရသည်။

ပိတ်ခံထားရသော တယ်လီဖုန်းများ၏ ဖုန်းခေါ်ဆိုခ ကြွေးကျန်များကို  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် ၂၃.၃.၂၀၁၄နေ့ နေ့ဆုံးထား၍ ပေးသွင်းမှသာ မိမိတို့၏ ဖုန်းလိုင်းပြန်လည် ပွင့်လာမှာဖြစ်ပြီး ၎င်းတို့ သတ်မှတ်ထားသည့် နေ့ရက်ကျော်လွန်သွားပါက ဖုန်းလိုင်းအား အပြီး ပိတ်သိမ်းသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။။

တာချီလိတ်မြို့မှ ပိတ်ခံထားရသော ဖုန်းစာရင်းများကို အောက်ဖော်ပြပါ စာရင်းများ၌ ကြည့်ရှုနိုင်ပြီး စာရင်းတွင် ပါရှိသော ဖုန်းနံပါတ်များသည့် လက်ကျန်ငွေပေးသွင်းပြီးမှသာ ဖုန်းလိုင်းပွင့်မည်ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~