ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ပုန်းထွန်ရပ်ကွက် မြို့မသုဿန်အတွင်း မူးယစ်ဆေးဝါးများကို လက်လီရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် သွားရောက် ရှာဖွေရာ သုဿန်၏ အရှေ့ဘက်ရှိ ၀ါးရုံပင်အောက်တွင် ကျော်မျိုးxxxအား အသင့်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်း၏ ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသည့် ဂျင်းဘောင်းဘီရှေ့ ယာဖက် အိတ်ကတ်အတွင်းမှ ဘိန်းဖြူ(၅)ဂရမ်နှင့် ပျောက်ကျားခါးပတ်အိတ်ငယ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၉၁)ပြား နှင့် အအေးပိုက်တိုများတွင် ထည့်ထားသည့် ဆေးပြား (၃၀)ပြားအပြင် အအေးပိုက်တို (၂၅)ခုထဲမှ ဘိန်းဖြူ(၁)ဂရမ်တို့ကို ရှာဖွေတွေ့ရှိရာ ဖမ်းဆီးရရှိသည့် စိတ်ကြွဆေးပြားစုစုပေါင်း (၁၂၁)ပြား နှင့် ဘိန်းဖြူ (၆)ဂရမ်ရှိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိရသူ ကျော်မျိုးxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။