ကျပ်သိန်း ၂၃၀ ခန့် တန်ဖိုးရှိ အိုက်စ်များ တာချီလိတ်၌ ဖမ်းဆီးရရှိ

ကျပ်သိန်း ၂၃၀ ခန့် တန်ဖိုးရှိ အိုက်စ်များ တာချီလိတ်၌ ဖမ်းဆီးရရှိ
မတ် 5, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းမှာ ယနေ့ မတ်လ(၄)ရက် ညနေ (၃)နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စု (၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တန်ဖိုးငွေ ကျပ်သိန်း (၂၃၀)ခန့် တန်ဖိုးရှိ မက်အက်ဖီတမင်း(အိုက်စ်)များကို တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ ယာဉ်သွား ယာဉ်လာများအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းကိုးကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်လောxxx(ကျား) မောင်းနင်ပြီး မကာxxx(မ) လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ရှေ့ အင်ဂျင်ခန်းအတွင်းရှိ အဲယားကလန်နာအတွင်း အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် မက်အက်ဖီတမင်း(အိုက်စ်) အလေးချိန် (၁)ကီလိုအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိရသည့်အတွက် အဆိုပါ တရားခံနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၃၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~