ဆွမ်းဦးလောင်းလှူပွဲကို ၂၀၁၄ခုနှစ် မတ်(၃၀)ရက်နေ့ နံနက်(၆)နာရီတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ အဆိုပါ အလှူရှင်မိသားစု နှင့် စေတနာရှင် အလှူရှင်များဖြင့် စုပေါင်း၍လောင်းလှူမှာဖြစ်ပြီး ရှင်ပြု၊ နားသ အလှူတော်ကို ဧပြီလ(၁)ရက်နေ့ နှင့် (၂)ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရှင်ပြု၊ နားသအလှူတွင် သာမဏေ(၁၀)ပါး နှင့် မြတ်နားသမင်္ဂလာဆင်ယင်မည့် သမီးရတနာ (၇)ဦး ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှင်ပြု၊ နားသအလှူကို တာချီလိတ်မြို့နယ်ဓမ္မရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လမှ ကြွရောက်၍ ရေစက်သွန်းချ အနုမောဒနာတရားတော်ကို ဟောကြားတော်မူမှာဖြစ်ပြီး အလှူတော်အောင်ပွဲအဖြစ် ဧပြီလ(၂)ရက်နေ့ ည နှင့် ဧပြီလ(၃)ရက်နေ့ ညတို့တွင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လမှ တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ နှစ်ညတိုင်တိုင် တရားတော်ဟောကြားတော်မူမှာဖြစ်ပါသည်။
အဆိုပါ နှစ်ညတိုင်တိုင် တရားပွဲတွင် အလှူရှင်မိသားစုမှ တရားတော်လာရောက် နားယူမည့် ဧည့်ပရိသတ်များအား ဗုဒ္ဓရုပ်ပွားဆင်းတုတာ် သုံးဆူကို မဲဖောက်၍ ပေးအပ်လှူဒါန်းမှာ ဖြစ်ကြောင်းလည်း သိရသည်။