ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် လူမှုကူညီရေးအသင်း (၁၅)သင်း ၀န်းကျင်ရှိသည့် အထဲမှ လပြည့်/လကွယ်နေ့တိုင်း စုပေါင်း ဆွမ်းလောင်းလှူကြသည့် အသင်းမှာ အလင်းရောင်ပရဟိတအသင်း ဖြစ်ပြီး အလင်းရောင်ပရဟိတအသင်းသည် ယနေ့ ၂၀၁၄ခုနှစ် မတ်လ(၃၀)ရက်မှာ ကျရောက်သည့် စုပေါင်းဆွမ်းလောင်းလှူမှု အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ်အဖြစ် ဦးဇော်မြင့် + ဒေါ်မာမာဝင်း မိသားစုတို့မှ အဓိက ကမကထ ပြုလုပ်ပြီး စေတနာရှင်များနှင့် စုပေါင်းကာ ဆွမ်းဦးလောင်းလှူပွဲအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ကျင်းပပြုလုပ် လောင်းလှူခဲ့ကြသည်။
အဆိုပါ စုပေါင်း ဆွမ်းဦးလောင်းလှူပွဲတွင် တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်း နှင့် သီလရှင်ကျောင်း တို့မှ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး (၇၀၀)ကျော် ကြွရောက်၍ ဆွမ်းအလှူခံတော် မူခဲ့ကြသည်။
အလင်းရောင်ပရဟိတအသင်းမှ လပြည့်/လကွယ်နေ့တိုင်း စုပေါင်းဆွမ်းလောင်းပွဲ တစ်ကြိမ်ပြုလုပ်လျှင် ဆွမ်းကိစ္စများအတွက် ထိုင်းဘတ်ငွေ နှစ်သောင်းခွဲမှ သုံးသောင်းအထိ ကုန်ကျမှုရှိကြောင်း သိရသည်။
အလင်းရောင်ပရဟိတ အသင်း၏ အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် စုပေါင်းဆွမ်းလောင်းပွဲအား ရည်စူး၍ ဦးဇော်မြင့် + ဒေါ်မာမာဝင်း ( "ဖြိုး" ကုန်မျိုးစုံဆိုင် )မိသားစုမှ ဆွမ်းဦးလောင်းလှူ၊ ဓမ္မပူဇာ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာကို စည်ကားသိုက်မြိုက်စွာဖြင့် မတ်လ(၃၀)ရက် မှ ဧပြီလ(၄)ရက်နေ့ထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
77 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]