ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မြို့ပတ်လမ်းဖောက်လုပ်ရန် ကိစ္စကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်ဝန်းကျင်က စတင်၍ ပဏာမ လမ်းအူကြောင်း ဖော်ထုတ်သည့် အနေဖြင့် ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရှိ လမ်းတစ်လျှောက်တွင် အလံတိုင်နီများဖြင့် စိုက်ထူ သတ်မှတ်ခဲ့မှုကြောင့် မလွတ်ကင်းသည့် နေအိမ် မြေယာပိုင်ရှင်များအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီး တစ်နှစ်အကြာ ရပ်တန့်ထားရာမှ ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက် နံနက်(၉)နာရီက အဆိုပါ လမ်းဖောက်လုပ်မှုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်း မှ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ အဆိုပါ လမ်းဖောက်လုပ်ရာ၌ မလွတ်ကင်းသည့် နေအိမ် မြေယာပိုင်ရှင်များနှင့် တွေ့ဆုံ၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ကို တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ထားပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]