ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ပန်ဆိုင်း - မုံးကိုး သွားလမ်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲအ၀င်မှာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေကြစဉ် ကောင်းကွေ့ရွာဘက်မှ ပန်ဆိုင်းဘက်သို့ လီဆောင်းxxx(ကျား) မောင်းနှင်ပြီး ဟော်လောက်xx(မ) စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ဟော်လောက်xxx(မ) ၀တ်ဆင်ထားသည့် အသားရောင် ဘော်လီအင်္ကျီအတွင်း သိုဝှက်သယ်ဆောင်လာသည့် မှိုင်းကိုင်စက္ကူဖြင့် ထုပ်လျှက် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ Wy စာတမ်းပါသည့် ပန်းရောင်စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၁၉၈)ပြားစီပါသည့် (၁၀)ထုပ်စီး(၂)စီး စုစုပေါင်း ဆေးပြား အထုပ်(၂၀)ရှိရာ စုစုပေါင်း ဆေးပြားအရေအတွက် (၃၉၆၀)ပြားကို ရှာဖွေတွေ့ရှိရပြီး အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်ငွေ(၇၉.၂)သိန်းခန့် ရှိကြောင်း သိရသည်။
ဆက်လက်၍ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲရဲစခန်းမှ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အဆိုပါ နှစ်ဦးအား မယ(ပ)၃/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။