ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားလုပ်ငန်းရှင်များအား ပိုမိုအားပေးဆာင်ရွက်လျှက်ရှိရာ
ယခင်ကာလများက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော လေကြောင်းပို့ဆောင်ရေးလုပ်ငန်း
အား တိုင်းရင်းသားလုပ်ငန်းရှင်များသို့လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်တွင်း-ပြည်ပ
လေကြောင်းသယ်ယူပို့ဆောင်မှုအခန်းကဏ္ဍတွင် ပုဂ္ဂလိကလေကြောင်းလိုင်းများ ပိုမိုပေါ်ထွန်းလာ
လျှက်ရှိနေပြီဖြစ်သည်။
ပြည်တွင်းလေကြောင်းပို့ဆောင်ရေးတွင် နိုင်ငံပိုင် မြန်မာ့လေကြောင်းနှင့်အတူ ပုဂ္ဂလိကလေကြောင်း
လိုင်းများဖြစ်သည့် ရန်ကုန်အဲဝေးစ်၊ အဲမန္တလေး ၊ အဲပုဂံ ၊ အေးရှားဝင်းစ် ၊ ဆန်းဖားရ် ၊ အဲကမ္ဘောဇ ၊
ရွှေမြန်မာဟူ၍ လေကြောင်းလိုင်း (၈)လိုင်းဖြင့် ပြေးဆွဲလျှက်ရှိရာမှ ယခုအခါ ရာခိုင်နှုန်းပြည့် မြန်မာ
နိုင်ငံသားများပိုင် မန်းရတနာပုံ ( MANN YADANARPON AIRLINES ) လေယာဉ်လိုင်းသစ်အား
ဖွင့်လှစ်လိုက်ခြင်းဖြင့် မြန်မာ့ပြည်တွင်းလေကြောင်းပို့ဆောင်ရေးတွင် လေကြောင်းလိုင်း (၉)လိုင်းအထိ
တိုးတက်ထွန်းကားလာပြီဖြစ်သည်။
မန်းရတနာပုံလေကြောင်းလိုင်းသစ် စတင်ပြေးဆွဲခြင်းနှင့် ကြိုဆိုပွဲအခမ်းအနားအား ဖေဖေါ်ဝါရီလ(၂၇)ရက် ညနေပိုင်းက တာချီလိတ်မြို့လေဆိပ်တွင်ကျင်းပပြုလုပ်ရာ ညနေ (၄)နာရီ (၁၅)မိနစ်အချိန်တွင် ဆင်းသက်လာသည့် မန်းရတနာပုံလေယာဉ်အား ဒေသခံ ရှမ်း-အာခါ-လားဟူ-ကချင်-ဗမာ တိုင်းရင်းသားများက ရှမ်းအိုးစည်နှင့် ကိန္နရီကိန္နရာအက ၊ ရိုးရာယဉ်ကျေးမှု အဆို အကများဖြင့် ကြိုဆိုကြကာ ပထမဦးဆုံးသော လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာကြသည့် ခရီးသည်များအား ပန်းစည်းများ၊ ဂုဏ်ပြုလက်ဆောင်များဖြင့် ကြိုဆိုနှုတ်ခွန်းဆက်ကြသည်။
ထို့နောက် မန်းရတနာပုံလေကြောင်းလိုင်းသစ်အား တာချီလိတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး
ကျော်စွာလင်း၊ မန်းရတနာပုံလေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးသန်းဦး ၊ ဒုတိယဥက္ကဌ ဒေါ်နန်းပီးယာရီ ၊
တာချီလိတ်လေဆိပ်မန်နေဂျာ ဦးလှဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လေယာဉ်မှူးကြီး ချင်း
တိုင်းရင်းသား captain ခုတ်လ်ခမ်းမောင် က ဧည့်သည်တော်များအား လေယာဉ်ပေါ်သို့ ဖိတ်ခေါ်ကာ
လေယာဉ်၏ ဖွဲ့စည်းပုံများအား ရှင်းလင်းပြသသည်။
မန်းရတနာပုံလေကြောင်းလိုင်း အနေဖြင့် ATR72-600 လေယာဉ် အမျိုးအစားဖြင့် ရန်ကုန်-မန္တလေး-
ဟဲဟိုး-ပုဂံညောင်ဦး-တာချီလိတ် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကာ အခြားမြို့များသို့ သတ်
မှတ်နေ့ရက်များ အလိုက် ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၄ခုနှစ် မတ်လအတွင်း နောက်ထပ်လေယာဉ်
တစ်စီးရောက်ရှိလာပါက ခရီးစဉ်များအား ပိုမိုတိုးချဲ့ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။