တာချီလိတ်၌ ဖုန်းကဒ်လျှောက်ထားသူ တစ်သောင်းကျော်ရှိရာ ဖုန်းကဒ် ၁၀၀၀ အတွက် မဲနှိုက်

တာချီလိတ်၌ ဖုန်းကဒ်လျှောက်ထားသူ တစ်သောင်းကျော်ရှိရာ ဖုန်းကဒ် ၁၀၀၀ အတွက် မဲနှိုက်
ဖေဖော်ဝါရီ 27, 2014
By Tachileik News Agency
နိုင်ငံတော်မှ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတွက် GSM နှင့် WCDMA အပါအ၀င် ဖုန်းကဒ် (၅၀၀၀) ချလာရာမှ တာချီလိတ်အတွက် GSM ဖုန်းကဒ် (၁၀၀၀) သတ်မှတ်၍ ချပေးလာသည်ဖြစ်ရာ ယနေ့ ဖေဖော်ဝါရီလ(၂၇)ရက် ညနေ (၃)နာရီအချိန်က ဖုန်းကဒ်ရောင်းချပေးရန် အတွက် တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ  ပေါက်မဲများကို နှိုက်ရာမှာ ယခင်လများက မပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာ ( ၉၁၁၇ )စောင် နှင့် ယခု ဖေဖော်ဝါရီလတွင် လာရောက် လျှောက်ထားသူ လျှောက်လွှာ ( ၉၀၂ )စောင် စုစုပေါင်း လျှောက်လွှာ အရေအတွက် ( ၁၀၀၁၉ )စောင် ပါဝင်ပြီး ထိုအထဲမှ ပေါက်မဲ (၁၀၀၀)ကို မဲနှိုက်ပေးခဲ့ကြသည်။

ထိုသို့ မဲနှိုက်ပေးရာတွင် မဲလာရောက်နှိုက်သူများမှာ ယခင်လများထက် စိတ်ဝင်စားမှု နည်းခဲ့ပြီး အနည်းငယ်သာ လာရောက်ကြပြီး မဲနှိုက်ကြတာကို တွေ့ရှိရသည်။

"ပထမ သုံးလေးကြိမ် မဲနှိုက်ပေးတုန်းကတော့ တော်တော်များများ မဲလာနှိုက်ကြတယ်၊ ကျွန်တော်တို့ဘက်ကလည်း ပေါက်မဲစာရင်းတွေကို ရပ်ကွက်ရုံးနဲ့ မြို့နယ်ရုံးမှာ ကပ်ထားပေးတာဆိုတော့ တစ်ချို့ မအားတဲ့လူတွေက မဲလာမနှိုက်တော့ပဲ ပေါက်မဲ ကပ်ထားပေးတာကိုပဲ လာကြည့်ကြတာ များတော့တယ်"ဟု မဲလာရောက်နှိုက်သူ နည်းပါးရခြင်းနှင့် ပတ်သက်၍ မိုဘိုင်းဖုန်းရောင်းချရေး ကော်မတီဝင် တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယခု မဲနှိုက်သော ပေါက်မဲစာရင်းများကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~