ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ဖေဖော်ဝါရီလ (၈)ရက်၊ နံနက်(၈)နာရီခွဲက အထက- မိုင်းဖြတ်ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ကျောင်းသားကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့် သီဆိုပြီး အခမ်းအနားအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း မှ အဖွင့်အမှာစကားပြောကြားပြီး၊ခရိုင်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး
ဦးစိုင်းငွေထွန်း က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် သင်ကြားပြသပေးသည့် ဆရာ၊ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား ကျောင်းသူများက အကပဒေသာများဖြင့် ပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]