ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်မှာ ကျရောက်သည်ဖြစ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်ရှိ ဘုရင့်နောင်ရုပ်တုရင်ပြင်မှာ နံနက်(၇)နာရီအချိန်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူများ စုံလင်စွာဖြင့် တက်ရောက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ အလေးပြုခြင်းအစီအစဉ်အပြီးမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားပြီး အခမ်းအနားကို ပြီးမြောက်စေခဲ့ကြသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]