ယင်း ဆန္ဒပြအဖွဲ့သည် တဖြေးဖြေးနှင့် အင်အားကြီးမားလာရာ ထိုင်းနိုင်ငံ ဆေးကျောင်းသား၊ ဆရာဝန်၊ သူနာပြု စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများလည်း ပါဝင်လာကြပြီဖြစ်ကြောင်းနှင့် ထိုသို့ ပါဝင်လာသည့်ကိစ္စ နှင့် ပတ်သက်၍ ကျန်းမာရေးအဖွဲ့အစည်းမှ ဆန္ဒပြသော ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို လိုက်လံစောင့်ရှောက်ပေးနိုင်ရန်အတွက် ပါဝင်လာရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဆန္ဒပြအဖွဲ့တို့သည် ဘန်ကောက်မြို့ တရားရေးရာဝန်ကြီးဌာန နှင့် အထူးအမှုတွဲ စစ်ဆေးရေးဌာန ( ထိုင်း C.S.T )ရုံးရှေ့တို့တွင်လည်း ဆက်လက် ချီတက်ကာ ပိတ်ဆို့၍ ဆန္ဒပြဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆန္ဒပြပြည်သူများအကြား ဗုံးဖေါက်ခွဲမှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရ ရဲအာဏာပိုင်များက ဗုံးဖေါက်ခွဲသည့် တရားခံများအား ဖမ်းမိရန် သတင်းသဲလွန်စ ပေးနိုင်ပါက ဆုငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း ကြော်ငြာချက် ထုတ်ပြန်ထားသည်ကို ထိုင်းနိုင်ငံ နေ့စဉ်သတင်းစာမှ သိရှိရသည်။