အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု(၂၃)စုအတွက် ငွေကျပ် ၁၁၅၀၀၀၀/-ကိုလည်းကောင်း၊ မိုင်းဖြတ်တပ်နယ်မှ ငွေကျပ် ၃၀၀၀၀၀ တန်ဖိုးရှိ ဆန်၊ဆီ၊စောင်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်မှ ငွေကျပ် ၂၃၀၀၀၀၀ သိန်း တန်ဖိုးရှိ မိုးကာတဲ၊ အခင်းများကို လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ငွေကျပ် ၄၆၀၀၀၀ တန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများကို လည်းကောင်း၊ ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် ၃၅၀၀၀၀ တန်ဖိုးရှိ
စားသောက်ဖွယ်ရာများကို လည်းကောင်း၊ နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျစိုးဘို က အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၃၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၂၂)စု အတွက် ငွေကျပ် ၂၈၆၀၀၀၀ ကိုလည်းကောင်း၊ မိုင်းဖြတ်လားဟူအသင်းတော်မှ ငွေကျပ် ၄၅၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ NLD ပါတီ၊ NDF ပါတီ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ ငွေကျပ် ၈၃၅၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ ဇန်န၀ါရီ ၅ ရက်၊ ညနေ (၃)နာရီက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း မိသားစုမှ ငွေကျပ် တစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းဆိုင်စိန် နှင့် အဖွဲ့ဝင်များက ငွေကျပ်တစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် အသင်းဝင်များက အ၀တ်အထည်များကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းညွန့်ဝင်းနှင့် ဦးမောရှည် ၊ ပြည်နယ်ပြည်ခိုင်ဖြိုး
ပါတီမှ ဦးထွန်းရွှေ နှင့် ခရိုင်၊မြို့နယ်ပါတီဝင်များက စားသောက်ဖွယ်ရာ၊ စောင်နှင့် ဖျာ များကို ထောက်ပံ့ပေးခဲ့သည်။
ယနေ့အထိ အဆိုပါ နမ့်ဝိုးထောင်ကျေးရွာနေ မီးဘေးသင့်ပြည်သူများသို့ အသုံးအဆောင်ပစ္စည်းများ၊စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အပါအ၀င် စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် သိန်း ၉၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။