ဦးရှာမွေလရှဲန်၊ တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးနှင့် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေတို့နှင့်အတူ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ ဇန်န၀ါရီလ (၁၉) ရက် ၊ နံနက် (၉)နာရီ က ရောက်ရှိရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းညွန့်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းတို့က ကြိုဆိုနှုတ်ဆက်ပြီး၊ ဆေးရုံအားလှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ၀န်ကြီးနှင့်အဖွဲ့သည် နံနက် (၁၀)နာရီခွဲတွင် ၀မ်မိုင်ရပ်ကွက်ရှိ မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ ဆက်လက်ထွက်ခွာလာရာ (၁၁) နာရီ(၂၀) တွင် ဘူရှီးကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် အခြေခံပညာမူလတန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ က ရှင်းလင်းတင်ပြပြီး ၀န်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းညှိနှုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ၀န်ကြီးနှင့်အဖွဲ့သည် နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာသို့ ရောက်ရှိပြီး ၊ ဇန်န၀ါရီ ( ၂ ) ရက်က မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားကာ ငွေကျပ် (၂၅၅၀၀၀) တန်ဖိုးရှိ ဆန်(၁၀)အိတ်ကိုလည်းကောင်း ၊ အတူလိုက်ပါလာသည့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန် က ငွေကျပ် (၄၅၅၄၀၀)တန်ဖိုးရှိ စားဆီ(၂၃)ပုံးကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ငွေကျပ် (၁၂၈၈၀၀၀) တန်ဖိုးရှိ သွပ်အချပ် (၄၆၀)ချပ်ကို လည်းကောင်း၊ တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်၊မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် (၃၃၀၀၀၀)တန်ဖိုးရှိ စောင်(၃၈)ထည်နှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ လူမှုကူညီရေးအသင်း (ရွှေတာချီခရီးသွားလုပ်ငန်း)မှ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့်အဖွဲ့က ငွေကျပ် (၇၅၀၀၀၀)တန်ဖိုးရှိ သွပ်အချပ်(၂၃၀) ချပ်ကိုလည်းကောင်း၊ တာချီလိတ်မြို့မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုစံ နှင့် အဖွဲ့က ငွေကျပ် (၇၈၀၀၀၀)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းမျိုးစုံ ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး၊ ကျေးရွာနေပြည်သူများအား ကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရရှိသည်။