ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်၊ ဇဗ္ဗူကျော်တိုက်တန်းရှိ အခန်းတစ်ခန်းမှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရောတိရောရာ မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဇဗ္ဗူကျော်တိုက်တန်းရှိ ဦးစန်းxxx၏ အခန်းတစ်ခန်းအား ၀င်ရောက်ရှာဖွေရာ ခတ်ခူးအလေးချိန် (၁၁)ဂရမ်၊ စိတ်ကြွဆေးပြား(၁)၊ အိုက်စ်အလေးချိန် (၅)ဂရမ်၊ နှင့် ဘိန်းဆီခဲအလေးချိန် (၁.၅)ဂရမ်တို့အား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိရသူ ဦးစန်းxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၄၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]