ပွဲတော်ဖွင့်ပွဲ၌ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ အလှူရှင် ဦးစိုင်းယီဆာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပွဲတော်ဖွင့်လှစ်ခြင်း အဖွင့်သီချင်းကို သီဆိုကာ စတင်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ပွဲတော်အဖွင့်မိန့်ခွန်းကို ပြောကြားပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းလုံမား က ပွဲတော်သို့ ကြွရောက်ချီးမြှင့်သည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ တဆက်တည်းမှာပင် အခမ်းအနားမှူး မှ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်း သမိုင်းကြောင်းကို ရှမ်း - မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်း တင်ပြသွားသည်။
ဆက်လက်၍ ပွဲတော်သို့ လာရောက်ကြသူများအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များက ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ကိန္နရီ ကိန္နရာ၊ တိုးနယား၊ လက်သိုင်း၊ ဓါးသိုင်း၊ တုတ်သိုင်းအက စသည်တို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ယခု ကျင်းပပြုလုပ်သည့် ပွဲတော်အား တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ကျင်းပတာဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်