လူဖြစ်ရကျိုး မနပ်ခဲ့သူ ( ဖြစ်ရပ်မှန် ဆောင်းပါး )

လူဖြစ်ရကျိုး မနပ်ခဲ့သူ ( ဖြစ်ရပ်မှန် ဆောင်းပါး )
ဒီဇင်ဘာ 5, 2013
By Tachileik News Agency
လူဖြစ်ခဲ့ပေမဲ့ လူဖြစ်ရကျိုးမနပ်ခဲ့တဲ့ နတ်စားကိုးကွယ်တဲ့ ရွာလေးတစ်ရွာက ဦး……………….…ရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးကို ကျွန်မအနေနဲ့ ဝေမျှချင်မိတဲ့အတွက် ဒီဆောင်းပါးလေးကို ရေးလိုက်မိရပြန်တယ်ရှင်။
တာချီလိတ်မြို့ရဲ့ ဆောင်းရာသီ မနက်ခင်းလေးဖြစ်တဲ့ နိုဝင်ဘာလ (၈ ) ရက်မနက် (၇း၀၀)နာရီ အချိန်ကျွန်မရဲ့ လက်ကိုင်ဖုန်းလေးမြည်လာလို့ ကျွန်မဖုန်းကိုင်လိုက်ပါတယ်။ "ဟုတ်ကဲ့ ကျွန်မဘာများ ကူညီပေးရမလဲရှင်"လို့ ကျွန်မမေးလိုက်ပါတယ်။ လူသေလို့ ကားငှားပေးရန် ပြောပါတယ်။ တစ်ဖက်က လူကလည်း ကျွန်တော့် ဦးလေးဆေးရုံမှာ ဆုံးသွားတဲ့ အတွက် ရွာကို ပြန်ခေါ်သွားချင်လို့ ကား အကူအညီပေးရန် တောင်းဆိုလာပါတယ်။ ကျွန်မလည်း ဆေးရုံသို့ ရောက်ရှိခဲ့သည့် တပြိုင်နက် အသင်းသားတွေကို သတင်းပို့ အကြောင်းကြားခဲ့ပါတယ်။ 
တာချီလိတ်ပြည်သူ့ ဆေးရုံအတွင်းရှိ ရင်ကွဲရုံ၏ အပေါက်ဝမှာ ကောင်လေးနှစ်ယောက် ထိုင်နေတာတွေ့လိုက်တော့ ခဏက ဖုန်းဆက်တာ မင်းတို့လားလို့ ကျွန်မမေးလိုက်ပါတယ်။ ကောင်လေး တစ်ယောက်က ကျွန်တော်တို့က နမ့်လုတ် ကျေးရွာကပါ သေဆုံးသွားသူမှာ ဦးလေးဖြစ်ပြီး ဘေးနားမှာ ထိုင်နေတဲ့ အသက်(၁၂)နှစ်အရွယ် ကောင်လေးကတော့ သေဆုံးသွားသူရဲ့သားဖြစ်ကြောင်းပြောပါတယ်။ ကျွန်မလည်းထုံးစံအတိုင်း သေဆုံးသူအမည်နဲ့ ဘာကြောင့် သေဆုံးလည်းမေးကြည့်တော့ ဆေးသောက်ပြီး သေဆုံးတယ်လို့ပြောပါတယ်။ ကျွန်မလည်းပြန်မေးမိပါတယ် ဆေးသောက်တာကြာပြီလား ဆေးဖြတ်လို့ရတာပဲပြောတော့ "မဟုတ်ဘူး အန်တီ ကျွန်တော့်ဦးလေးက စိတ်ညစ်ပြီး ပိုးသတ်ဆေးတွေ သောက်လိုက်လို့ ဆုံးသွားတာပါ"လို့ ပြောလာတော့ ကျွန်မလည်း အံ့သြသွားမိပါတယ်။ 
ဒါနဲ့ဘဲ သေဆုံးသွားသူရဲ့အကြောင်းကို ဆက်လက်မေးကြည့်မိပါတယ်။ ဦး( )ဟာ ယခင်က ပြည်သူ့စစ်တစ်ယောက်ဖြစ်ပြီး ရန်ဖြစ်စကားများရာမှ လက်ချောင်းလေးနှစ်ချောင်းနဲ့ေ ခြတစ်ဖက်ပြတ် ဒုက္ခိတ ဘ၀ကိုရောက်ခဲ့ကြောင်းသိရပါတယ်။ လူတစ်ယောက်ဟာ ဒုက္ခိတ ဘ၀ရောက်သွားတာနဲ့ အားငယ်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ငွေကြေးမရှာနိုင်တော့တဲ့ အတွက် ဇနီးမယားရဲ့နေ့စဉ်ငြူဆူ ဆဲဆိုမှုတွေကို နေ့စဉ်နဲ့အမျှ ခံစားရတော့ ငါဘာမှ အသုံးမကျတော့ဘာလားဆိုတဲ့ အသိစိတ်တွေဝင်ပြီး ပညာလည်းမတတ် စဉ်းစားဥာဏ်လည်းနည်းပါးတဲ့အတွက် အသုံးမ၀င်မဲ့အတူ ဇနီးမယားလည်း မကြည်ဖြူမှတော့ သေတာကောင်းတယ်ဆိုပြီး ပိုးသတ်ဆေးတွေ သောက်လိုက်တဲ့အတွက် မချိမဆံ့ ဝေဒနာခံစားရပြီး တာချီလိတ်ဆေးရုံမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
အေးတူပူမျှချစ်လို့ လက်ထပ်ယူခဲ့ကြပေမဲ့ အခုလို ဒုက္ခိတဘ၀မှာ ငွေကြေးမရှာနိုင်တော့  အချစ်တွေ ပြယ်ပြီလား? အပြစ်တွေဘဲမြင်နေပြီလား? သုခကို အတူဝေမျှပျော်ခဲ့လို့ သားသမီးတွေတောင် ကြီးပြင်းလာခဲ့ပြီးမှ ဒုက္ခတွေရောက်တော့ ဖယ်ခွာချင်ပြီတဲ့လား။ နေ့စဉ်နဲ့အမျှ ဆူပူပြောဆိုမှုတွေကို မခံစားနိုင်တော့လို့ လူ့ဘ၀ကိုရောက်ပြီးမှ လူ့ဘ၀ရဲ့တန်ဖိုးကို မသိလိုက်ရပဲ ဒုက္ခိတ ဘ၀နဲ့နေရ အဖန်ငါးရာငါးကမ္ဘာ ဆိုတာကိုလည်း မသိတော့ဘဲ ဘ၀ကိုရေစုံမျော ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာ ဘယ်လောက်များ ရင်နာစရာကောင်းလိုက်သလဲလို့ အတိတ်ဘ၀ ၀ဋ်ကြွေးရှိခဲ့လို့ ဆိုရမှာပါဘဲ။ 
ဒီလိုနဲ့… တာချီလိတ်ဆေးရုံမှ ကျွန်မတို့ရဲ့မဇ္ဈိမလူမှုကူညီရေးအသင်း၏ ကားဖြင့် သေဆုံးသူ ဦး( )၏ အလောင်းကို အခေါင်းထဲသို့ ထည့်ပြီးသည်နှင့် တပြိုင်နက် ကားပေါ်သို့တင်ပြီး သူတို့နေထိုင်တဲ့ နမ့်လွတ် ရွာလေးကို ကျွန်မတို့ အသင်းသား ၄ ဦး နဲ့အတူ ကျွန်မအပါဝင် ၅ ဦး လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ရွာကိုရောက်တာနဲ့ ကျွန်မတို့ ကားရပ်လိုက်တယ်ဆိုရင်ပဲ ရွာမှ လူတွေရောက်လာကြပါတယ်။ထူးဆန်းတာကတော့ အဖိုးအိုတစ်ဦးက ကြက်ပေါက်ကလေး တစ်ကောင်ကို တစ်ဖက်ကကိုင် ကျန်တဲ့လက်တစ်ဖက်က ဆန်ထည့်ထားတဲ့ ဖက်ကလေးနဲ့ သစ်ခက်ကလေး ၃ခက် ကိုင်ပြီး ကားအောက်နားမှာ ထိုင်စောင့်နေပါတယ်။ အလောင်းကိုလည်း ကားပေါ်ကမချ ခိုင်းသေးပါဘူး နောက်တော့ အဖိုးအိုဟာ သူတို့ရဲ့ရိုးရာ ဓလေ့အတိုင်း ကြက်ကလေးကို အစာအနည်းငယ်ကျွေးပြီး လည်ပင်းကို ညစ်သတ်လိုက်ပါတယ်။ ဆံ့ငင်ဆံ့ငင်နဲ့သေ ခါနီးဖြစ်နေတဲ့ ကြက်ပေါက်စလေးကို မြေကြီးနဲ့ ကိုင်ရိုက်သတ်လိုက်တာကိုတွေ့ရပါတယ်။
 ပြီးမှ အဲ့ဒီသေနေ တဲ့ကြက်ကလေး အပေါ်ကနေ အလောင်းကိုသယ်ရပါတယ် တစ်ဖက်မှာလည်း နောက်ထပ်အဖိုးအို တစ်ဦးက ကြက်မကြီး အနက်ရောင်တစ်ကောင်ကိုင်ပြီး ပါးစပ်ကလည်းရိုးရာစကား တတွတ်တွတ်ပြောရင်း အရှင်လတ်လတ် ကြက်ရဲ့အမွှေးတွေကို ဆွဲနှုတ်ပါတယ်။ ဒီကြက်မကြီးကိုလည်း ထပ်မံသတ်အုံး မှာတဲ့ ဒီဖြစ်ရပ်တွေကို ကျွန်မတို့ကလည်း တအံ့တသြငေးကြည့်နေမိပါတယ်။ သူတို့ရဲ့ ရိုးရာဓလေ့ထုံးစံကို ကြည့်လိုက်တော့ အယူသီး မှုတွေနဲ့ ဘာမှမဆိုင်တဲ့ ကြက်ပေါက်စကလေး အရှင်လတ်လတ် သေဆုံးရတယ်။ ကြက်မကြီးတစ်ကောင်ကတော့ အရှင်လတ်လတ် အမွှေးတွေ ဆွဲနှုတ်ခံရပြီး သေဆုံးရပါတယ်။
ဒါကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာကြက်လေးတွေကို သနားမိပြီး တိရစ္ဆာန်ဘ၀ ရောက်တာတောင်မှ ကြီးလိုက်တဲ့ ၀ဋ်ကြွေးတွေလို့ သံဝေဂ ရမိပါတယ်။ သူတို့ရဲ့ဓလေ့က လူသေရှိရင်တစ်ယောက်မှ ရွာအပြင်ကို မထွက်ရပါဘူး။ မြေမြုပ်ခြင်းမပြုသေးခင်ရက်အထိ ဘယ်ကိုမှ တစ်ရွာလုံး သွားခွင့်မရှိပါဘူး။အလောင်းကိုလည်း အခေါင်းထဲက ထုတ်လိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခေါင်းထဲမှာ ထားခွင့်မရှိပါဘူး။ ဒီအတိုင်းမြေမြုပ်ရမှာပါတဲ့ ဒါဟာကြီးမှားတဲ့ အယူသီးမှု တွေပါပဲ။ 
ဒါတွေကိုပြန်သုံးသပ်ကြည့်မိတော့ ချစ်လှပါပြီဟုဆိုကြတဲ့ အိမ်ထောင်ရှင်တွေ တစ်ယောက်နဲ့တစ်ယောက် အေးတူပူအမျှရှိစေချင်ပါတယ်။ သာလည်းအတူ နာလည်းအတူပေါ့ အားပေးနှစ်သိမ့်ခြင်းမ၇ှိပဲ အိမ်ထောင့်တာဝန်ကို မထမ်းဆောင်နိုင်တဲ့အချိန်မှာ နစ်နာကြေကွဲအောင် မဆက်ဆံသင့်ပါဘူး ဖေးမှတွဲခေါ်အားပေးဖော်အဖြစ် သက်ဆုံးတိုင် အတူရှိစေချင်ပါတယ်။ 
အခုတော့….. လူတစ်ယောက်သေတာနဲ့ သားသမီးတွေမှာ အဖေမဲ့ ရတော့မယ် သက်ရှိသတ္တ၀ါ အရှင်လေးနှစ်ကောင် အမွှေးဆွဲနုတ် လည်လိမ်ညစ်သတ်ခံရပါတယ်။ စာနာမှုမရှိ သနားစရာကောင်းပြီး ရက်စက်တဲ့ အယူသီးမှု တွေကို ပပျောက်အောင် လူသားအားလုံး စာနာမှုနဲ့ ၀ိုင်းဝန်းကူညီစေချင်ပါတယ်။ အလောင်းကိုကြည့်ပြီး အားပါးတရ ၀မ်းနည်းစွာငိုကြွေးနေတဲ့ အမေအိုကြီးကိုလည်း သနားမိပါရဲ့ ဒုက္ခိတဖြစ်ပေမဲ့ အချစ်မလျော့တဲ့ မိခင်မေတ္တာကိုတွေ့ခဲ့ရပါတယ် အားလုံးပြန်သုံးသပ်ကြည့်တော့ ဦး( ) ဟာ လူဖြစ်လာပေမဲ့ ဒုက္ခိတ ဘ၀ရောက်ရတယ်၊ ဇနီးမယားရဲ့ပစ်ပယ်မှုကိုခံရတယ်၊ နှိမ့်ချခြင်းတွေခံရတယ် ၊သေဆုံးခြင်းကိုလည်း မချိမဆံ့ခံစားရပြီး ကိုယ့်ဘ၀ကို အရှုံးပေးလို့ သတ်သေခဲ့ရတယ်။
အယူမှားတဲ့ ဖြစ်ရပ်ကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ဖြစ်ခဲ့တာလေးကို ကြည့်နိုင်ပါတယ်။
လူ့ပြည်မှာကံကောင်းလို့ လူလာဖြစ်ပေမဲ့ လူဖြစ်ရကျိုးမနပ် လိုက်လေခြင်းရယ်လို့ ကျွန်မတွေးမိပါတယ်။ကံကြမ္မာက ဒုက္ခိတ ဘ၀နဲ့ မသေဆုံးခင်အချိန် ကျွန်မတို့မဇ္ဈိမလူမှုကူညီရေးအသင်းကြီးနဲ့ တွေ့ဆုံမိခဲ့မယ်ဆိုရင် အခုလို အဖြစ်ဆိုးမျိုးတွေနဲ့ကြုံရမှာမဟုတ်ဘူးလို့ ကျွန်မစဉ်းစားမိတယ်။ အခုတော့ အဖြစ်ဆိုးတွေကြုံပြီး အရှုံးပေးသွားခဲ့တဲ့ ဦး( ) ရယ် နောင်ဘ၀တွေမှာ ဒီဘ၀လိုမျိုး အဖြစ်ဆိုးတွေနဲ့ ထပ်မကြုံ ပါစေနဲ့ ဘ၀တွေများရှိခဲ့ရင် ဒီဘ၀လို ဒုက္ခိတ ဘ၀မဖြစ်ရဘဲ ဇနီးမယား၊ သမီး၊ သားနဲ့ ပျော်ရွှင်စွာ မိသားစုရဲ့ချစ်ခြင်းကို ရရှိ ခံစားနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးနေမိပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းကတော့ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးအတွက် သူ့အိမ်၊ သူ့ရွာ ၊သူ့အမေဆီ သို့ ပြန်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒုက္ခိတ ဘ၀ မသန်စွမ်းသူတွေကိုလည်း စိတ်ဓါတ်မကျအောင် အားပေးကူညီလို့ သူတို့တွေရဲ့ဘ၀ အရှုံးမပေးပဲ ဆက်လက်ရှင်သန်နိုင်ဖို့ လူသားခြင်း စာနာစိတ်တွေ အပြည့်နဲ့ လူတိုင်းလူတိုင်း ကျွန်မတို့အသင်းကြီးနဲ့အတူ ၀ိုင်းဝန်းကူညီ အားပေးကြပါစို့ တိုက်တွန်းရင်း ဒီဖြစ်ရပ်မှန် ဆောင်းပါးလေးကို နိဂုံးချုပ် အဆုံးသတ် လိုက်ရပါတယ်ရှင်…
အများအတွက် ပေးဆပ်နေမယ့် 
သော်သော်ထိုက် (မဇ္ဈိမ)
ချစ်လို့ယူခ အပြစ်ဖို့သူအတွက် ကြင်စမှာတော့ 
မမြင်ရရင်တောင် မနေနိုင် ချစ်လိုက်ကြတာ အပြိုင်အဆိုင် ရှေ့ရေးတွေးကာ ထိုင်မနေနိုင်လုပ်ကိုင်ကြွေးကာ
 ရွှေငွေဆင်နိုင် မင်းမျက်နှာလေး ၀င်းလက်စတိုင်
မြင်ရတဲ့အချိန်များ သိပ်မပိုင် ကံဇာတာမလှ 
ဒုက္ခိတ ဘ၀ရောက်ခဲ့ရတဲ့ အချိန်ခါမှ ဆဲဆိုကြိမ်းမောင်း 
အမြဲခံရ စိတ်ဆင်းရဲရ နေ့စဉ်နှင့်အမျှ
 ကြင်သူမယား မကြင်နာတဲ့ ဘ၀ ဆက်နေဖို့ မတွေး 
အရှုံးပေးကာဆွေး နေ့စဉ်ငိုကြွေး အပူမအေး အဆုံးသတ်ဖို့ အရေး 
အဆိပ်သောက်ခါ အသက်ပေး လူဖြစ်ပါလျှက် 
မသုံးသပ်ခ အမှားလမ်းကိုရွှေး သတဲ့ သံသရာအတွက်လဲ သူမတွေးခဲ့ 
ကျန်ရစ်သူများ သင်္ခန်းစာ ယူနိုင်ဖို့အရေး 
ကဗျာတစ်ပုဒ် စာတစ်ပုဒ် ရေး ပေးဆပ်လိုက်တယ် လက်မနှေး၊ 
စာရေးသူက သော်သော်ထိုက်(မဇ္ဈိမ) ။
ဦးတင့်ဆွေ ( ဥက္ကဌ)
(မဇ္ဈိမလူမှုကူညီရေးအသင်း) တာချီလိတ်မြို့။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~