ဆက်လက်၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က ကောက်ကွက်မြေပုံ နှင့် လူဦးရေစာရင်းစိစစ်ဆောင်ရွက်ရန်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ် ဦးစီးဌာနမှူး ဦးစောမောင်လှ က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေဆိုင်ရာများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများကို ရှမ်းဘာသာဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောသည်။
အဆိုပါ ရှင်းလင်းဟောပြောပွဲသို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့များမှစာရင်းစစ်၊ စာရင်းကောက်များ တက်ရောက်ပြီး၊ တက်ရောက်လာသည့် ကော်မတီဝင်များကသိလိုသည့်အချက်များကို မေးမြန်းရာ ခရိုင်ဦးစီးဌာနမှူး ဦးစက်ရွှေ က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။