တာချီလိတ်၌ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကလေးအထူးနေ့တရားပွဲ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်

တာချီလိတ်၌ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကလေးအထူးနေ့တရားပွဲ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်
ဒီဇင်ဘာ 6, 2013
By Tachileik News Agency
တာချီလိတ်မြို့ပေါ်ရှိ ထက်/လယ်/မူ စာသင်ကျောင်းများမှ ကျောင်းသား/သူ ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ဘာသာတရားသိရှိ ကိုင်းရှိုင်းစေရန်နှင့် စာရိတ္တပညာကောင်းမွန်စေရန်အတွက် အထူးရည်ရွယ်ပြီး  ဒီဇင်ဘာလ (၇)ရက် စနေနေ့ နံနက်(၆)နာရီအချိန်တွင် ရှမ်းရိုးမကွင်း၌ ကလေးအထူးတရားပွဲအား ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
 ၈.၁.၂၀၁၃ ရက်နေ့က ပြုလုပ်ခဲ့သော ကလေးတရားပွဲ ဓါတ်ပုံ

အဆိုပါ ကလေးအထူးတရားပွဲတွင်  မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်း ဆရာတော် အရှင်ကုသလဇောတိမှ တရားတော် ဟောကြားတော်မူမှာဖြစ်ပြီး လာရောက် တရားတော်နာယူ မှတ်သားကြမည့် ကျောင်းသား/ကျောင်းသူများမှာ (၆၅၀၀)ခန့်ရှိကြောင်း သိရသည်။

ကလေးအထူးတရားပွဲသို့ တရားတော်နာယူ မှတ်သားကြမည့် ကျောင်းသား၊ ကျောင်းသူ (၆၅၀၀)ဦးစာအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မိသားစု နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး မိသားစုတို့မှ "အမျိုးဘာသာ သာသနာကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေး မဏ္ဍပ်သို့ အစာအာဟာရများအား လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူပင် တာချီလိတ်မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက်  အာဟာရအဖြစ် အစားအစာများအပြင် စာရေးကိရိယာများ လှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် လူကိုယ်တိုင် လာရောက်၍ ပေးအပ်လှူဒါန်းလိုပါက ဒီဇင်ဘာလ (၇)ရက် နံနက် (၅)နာရီအချိန်တွင် တရားသဘင်တည်ရှိရာ ရှမ်းရိုးမကွင်းသို့ လာရောက်လှူဒါန်းနိုင်မှာဖြစ်သလို အဆိုပါ နေ့မတိုင်မီ ဒီဇင်ဘာလ(၆)ရက်နေ့မှာ ရှမ်းရိုးမကွင်းထဲရှိ အလှူခံမဏ္ဍပ်တွင်လည်း လာရောက် လှူဒါန်းနိုင်သည်ဖြစ်ကြောင်း သိရှိရပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~