မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး တာချီလိတ်၌ ပြုလုပ်

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး တာချီလိတ်၌ ပြုလုပ်
ဒီဇင်ဘာ 1, 2013
By Tachileik News Agency
တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူး၍့ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြောနှင့် စာအုပ်လေ့လာဖတ်ရှုမှုပြိုင်ပွဲ စသည်တို့အတွက် ဆုပေးပွဲ အခမ်းအနားကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ ဆရာ/မများ၊ တိုင်းရင်းသားများ စသည်တို့ဖြင့် ၂၀၁၃ခုနှစ် နိုဝင်ဘာလ (၃၀)ရက် နံနက်ပိုင်း (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

{ သတင်း ဗီဒီယို }

အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေး နှင့် ကလေးသူငယ်များ ဥာဏ်ရည်ဥာဏ်သွေး မြင့်မားလာနိုင်စေရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားအဖြစ် ပြောကြားပြီး ရှမ်းပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်က စာပေ ဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာမြင့်မားလာစေမှု၊ စာဖတ်အား ကောင်းလာစေမှု စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားသွားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီးနောက် တဆက်တည်းမှာပင် ဆုများရရှိသူ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိ အကြီးအကဲများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းပြိုင်ပွဲများကို တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာများက အမှတ်ပေးဒိုင်များအဖြစ် ပါဝင်ဆောင်ရွက်တာဖြစ်ကြောင်းလည်း သိရသည်။

ကဗျာရွတ်ပြိုင်ပွဲ၌ ပထမဆုရရှိသူ (၃)တန်းကျောင်းသားလေး မောင်အောင်မျိုးဦးက"စာတတ်မှ လူရည်တက်မယ်၊ စာတတ်ရင် ဘာမဆိုဖြစ်ပါတယ်၊ ဒါကြောင့်မို့လည်း သားက ပညာတွေကို ရအောင်သင်ပြီး ဒီပြိုင်ပွဲတွေမှာ နိုင်အောင်၊ ရအောင်လို့ ဒီပြိုင်ပွဲတွေကို ၀င်ပါတာပါ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

{ သတင်း ဗီဒီယို}


ယင်းနောက် အခမ်းအနားဖြစ်မြောက်ရာတွင် တဖက်တလမ်းမှ ပါဝင်ကူညီ လှူဒါန်းကြသော စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

ပုံများကိုကြည့်ရန်
စာဖတ်ရှိန်မြှင့်တင်ရေး ဆုပေးပွဲ အခမ်းအနား တာချီလိတ်၌ပြုလုပ်

71 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~