အဆိုပါ တရားပွဲသို့ မဟာကန်ပတ်လည်ဆရာတော် ဥူးနန္ဒမဉ္ဇူသာ (၂၂.၁၁.၂၀၁၃ - ၂၃.၁၁.၂၀၁၃)၊ ကြာနီကန်ဆရာတော် ဥူးရေ၀တ (၂၄.၁၁.၂၀၁၃ - ၂၅.၁၁.၂၀၁၃)၊ ပြည်ဆရာတော် ဥူးဘိက္ခူမာလာ (၂၆.၁၁.၂၀၁၃ - ၂၇.၁၁.၂၀၁၃)၊ ကျုံကဇင်းဆရာတော် ဘဒ္ဒန္တဣန္ဒာသဘ (၂၈.၁၁.၂၀၁၃ - ၂၉.၁၁.၂၀၁၃)၊ မော်ကျွန်းဆရာတော် အရှင်က၀ိသာရ ( ၃၀.၁၁.၂၀၁၃ - ၁.၁၂.၂၀၁၃)၊ သာသနဓဇ ဓမ္မာစရိယ အရှင်ပညာဒီပ (၂.၁၂.၂၀၁၃ - ၃.၁၂.၂၀၁၃) နှင့် ဂျလန်းကျွန်းဆလုံဆရာတော် အရှင်ကုသလဇောတိ (၄.၁၂.၂၀၁၃ - ၅.၁၂.၂၀၁၃) တို့မှ ကြွရောက်၍ တရားတော်များ ဟောကြားတော်မူမှာ ဖြစ်ပြီး တရားပွဲ သတ်မှတ်ကာလ၏ ညစဉ်ညတိုင်း၌ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့ကြီး၏ အဖွဲ့တစ်ခုဖြစ်သော "ဇီဝက"အခမဲ့ ကုသိုလ်ဖြစ်ဆေးကုသခန်း မှ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဆေးဝါးအခမဲ့ ကုသပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
တာချီလိတ်မြို့၌ တရားပွဲများကို နှစ်စဉ် နှစ်တိုင်း အလှူရှင်များနှင့် စုပေါင်း၍ ရက်ရှည်ကျင်းပလေ့ရှိသော "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် (၁၄)ည တိုင်တိုင် အထူးတရားပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၂ ရက် မှ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]