တာချီလိတ် နံနက်၌ မိုးများ ရွာသွန်းနေသော်လည်း ဆွမ်းဆန်စိမ်းလောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တာချီလိတ် နံနက်၌ မိုးများ ရွာသွန်းနေသော်လည်း ဆွမ်းဆန်စိမ်းလောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
နိုဝင်ဘာ 15, 2013
By Tachileik News Agency
၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက် သောကြာနေ့ နံနက် ၆နာရီအချိန်တွင် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် ၁၅ ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို နဂါးနှစ်ကောင်ဆရာတော် မှ ဦးစီးဦးဆောင်ဖြင့် သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး ၃၅၀ ၀န်းကျင်ခန့် ကြွရောက်၍ အလှူခံတော်မူရာ တာချီလိတ်မြို့နယ်လုံးရှိ စေတနာရှင် အလှူရှင် အများအပြားဖြင့် မိုးများရွာသွန်းနေသော်လည်း စည်ကားသိုက်မြိုက် လောင်းလှူခဲ့ကြသည်။

ဆွမ်းလောင်းလှူပွဲ မစတင်မီ နံနက် ၅နာရီခွဲ ၀န်းကျင်၌ နဂါးနှစ်ကောင်ဆရာတော် အပါအ၀င် ဆရာတော်ကြီး ၉ ပါးမှ အနေကဇာတင်တော်မူကြပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အလှူရှင်များက ရေစက်သွန်းချ တရားတော်နာယူခဲ့ကြသည်။

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် ပြုလုပ်လေ့ရှိသော ဆွမ်းဆန်စိမ်း လောင်းလှူပွဲတိုင်းတွင် မိုးများရွာသွန်းမှု မရှိခဲ့သော်လည်း ယနေ့ ပြုလုပ်သော ၁၅ ကြိမ်မြောက်တွင် နံနက် ၄နာရီခန့်မှ စ၍ မိုးများ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့
ပြန်လည်ကြွရောက်တော့မည့် နေ့လည်းဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~