ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် အာခါဗုဒ္ဓကျောင်းလမ်း လမ်းသွယ်ရှိ အိမ်အမှတ် (၂xx ) ဦးလော်xx၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ ဦးလော်xxx နှင့်အတူ သားဖြစ်သူ မောင်လီxx အပြင် မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ မောင်ဟေရှာxx နှင့် မောင်ဝေဖြိုးxxxတို့အား နေအိမ်ဘေးရှိ မီးဖိုခန်းအတွင်း အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ဦးလော်xxx လွယ်သိုင်းထားသည့် အနက်ရောင် လွယ်အိတ်ဟောင်းအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၄၆ ပြား နှင့် ထိုင်းဘတ်ငွေ ၆၉၀၀ဘတ် အပြင် ဘိန်းစိမ်း ၅၀ ဂရမ်ခန့်တို့အား တွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ တွေ့ရှိရသူ အသက် ၆၅နှစ်ရှိ ဦးလော်xxx နှင့် မောင်လီxx အပြင် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ မောင်ဟေရှxxx နှင့် မောင်ဝေဖြိုးxxxတို့ ၄ ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်(ပ)၁၄၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။